ဒေါက်...ဒေါက်
ယနေ့ ပွဲတက်ရမည်။ သျှားတို့ ၄ယောက်လုံး တက်ရမည်ဖြစ်သည်။ နှင်းမပါခဲ့ပါ။ အကုန်လုံး စီးပွားရေးလောကထဲကို ဝင်မည်ဖြစ်၍ သူသိရှင်ကြားအောင် မိတ်ဆက်ပေးမည်ဖြစ်သလို မိန့်ခွန်းစကား ပြောရမည်လည်း ဖြစ်သည်။ အချိန်လည်း ကြာမြင့်အောင် ယူခဲ့ပြီးပြီမလို့ ရင်ဆိုင်ကြတော့မည်။ လုပ်ငန်းရှင်တွေအကုန် ပေါင်းပြီးလုပ်တဲ့ပွဲမလို့ ဒီအခွင့်ရေးကို လက်လွှတ်လို့မဖြစ်ပါ။ အရင်တစ်ခေါက်က မတက်ဖြစ်ခဲ့ပေမယ့် ဒီတစ်ခေါက်တော့ မလွှဲမသွေ သွားမှရပါမည်။ အလုပ်အကြောင်းကို စတင် လေ့လာထားရုံလောက်သာ ဖြစ်လို့ အကုန်တူ စိတ်လှုပ်ရှားနေကြသည်။
သျှားရဲ့ မပါမဖြစ် ချစ်သောလေးလည်း ပါဝင်မှာဖြစ်သည်။ အလုပ်သဘောအရ မဟုတ်ပေမယ့် ကိစ္စတစ်ခုခုကြောင့် မဖြစ်မနေ တက်ရပါ၏။ အခုလည်း ပြင်ဆင်နေသည်ထင်။ ပေါ်ကိုမလာသေးပါ။ အကုန်စီစဥ်ပြီးသွားတဲ့ သျှားကသာ တံခါးခေါက်ပြီး စောင့်နေရသည်။ လုပ်ငန်းရှင်တွေနဲ့ တွေ့ရမှာရော နှောင်းနဲ့အတူ ပွဲတက်ရမှာရောဆိုတော့ အရမ်းတွေရင်ခုန်နေ၏။
ထွေထွေထူးထူးဝတ်စရာမရှိတဲ့ သျှားက သူ့အကြိုက် အပြာရောင်ကိုပဲ ဆင်ထားလောက်မယ်မလား။
"မမ မောင်ဝင်လာလို့ရလား"
မမကပြန်မဖြေပါ။ မမအလှုပ်ရှုပ်နေလောက်မည်။ ဒါမှမဟုတ်ရင် မကြားတာဖြစ်မည်။ ရေကျသံလေးကြားပုံအရ ရေချိုးနေလောက်သည်။ ဝင်နေကြပဲမလို့ ခွင့်ပြုချက်မယူခဲ့ကာ အထဲဝင်ခဲ့သည်။ မှန်တင်ခုံပေါ်မှာ အနည်းငယ်ပြန့်ကျဲနေသည့် မိတ်ကပ်ဗူးလေးတွေက မိန်းကလေးပီသလောက်ပါပေသည်။ အိပ်ယာခင်းပေါ်မှာ ဂျိတ်လေးတစ်ခုကိုတွေ့တော့ ကိုင်ကြည့်မိသည်။ ထူးဆန်းပြီးမတူတဲ့ အနံ့လေးကို တစ်မျိုး သဘောကျမိသယောင်။
"ဂျိတ်ကလာတဲ့အနံ့ပဲ"
မှန်ပေမယ့် တစ်နေရာမှာ အဲ့ထပ်ပိုပြီး ဆူးရှတဲ့အနံ့ကိုရနေသည်။
တော်တော်ပြင်းတဲ့ အနံ့ပဲ။"မမ"
ရေချိုးခန်းထဲက ထွက်လာတဲ့မမက သူ့ကိုအံဩယောင်ပြသည်။
သူမသိခင်ဝင်လာသည်ကို။
YOU ARE READING
ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [ on going ]
Short Story~ အချစ်ကိုဥပက္ခာပြု၍ ဦးနောက်နဲ့ ရွေးချယ်ရမည်ဆိုရင်တောင် မင်းကရွေးချယ်ဖို့ ထိုက်သင့်တဲ့သူ ~