Part 4

3.4K 125 8
                                    

ငပလီသို့ရောက်သောအခါ ကိုစိုင်းနှင့်မဒီတစ်ယောက်တစ်ခန်းနေကြပြီး ခြူးနှင့်ကျော့မှာ ၂ယောက်တစ်ခန်းနေရန်ဦးစိုင်းပူဆာသဖြင့် 3ခန်းသာမှာလိုက်သည်။

ထိုအကြောင်းကို မဒီမသိ‌ပါ။

"မကျော့ ရေအရင်ချိုးနော် ခြူး တစ်ရေးမှေးဦးမယ်"

ခြူးကိုခေါင်းငြိမ့်ပြီးနောက် ရေချိုးခန်းထဲဝင်သွားသဖြင့် ကုတင်ပေါ်တွင် ပက်လက်အနေအထားဖြင့် မှေးကာ

"ဟမ်...မင်းတို့က ဘယ်လိုလုပ်ပြီးအတူရှိနေရတာလဲ"

အခန်းတံခါးရုတ်တရက်ဖွင့်လိုက်သောကြောင့် ရေချိုးခန်းမှာ့ထွက်လာသော ကျော့လဲ ဘယ်လိုဖြေရမလဲ မသိချိန်တွင် ခြူး အိပ်‌နေရာမှာ့နိုးလာသည်။

"အော် ခြူးနဲ့မကျော့တစ်ခန်းနေမလို့လေ မာမီရဲ့"

"ဘာလို့နေမှာလဲ"

"ခြူးပျင်းလို့လေ အတူခေါ်ထားတာ"

ခရီးဆောင်အိတ်ကိုလှမ်းဆွဲကာ ခြူးလက်ကိုပါဆွဲလိုက်သည်။

"မာမီနဲ့အတူနေ မာမီလဲပျင်းနေတာ"

"မာမီက ဦးစိုင်းနဲ့နေပေါ့ ခြူးကမကျော့နဲ့နေမယ်"

"ခြူးရယ် ကျော့လဲနားချင်မှာပေါ့ လာပါသွားကြမယ်နော်"

အတင်းဆွဲခေါ်သွားသော မာမီ့နောက်မှာ့ ခြူး ပြုံးပြုံးကြီးလိုက်သွားသည်ကို မဒီမမြင်ချေ။

"ကဲ ရေမိုးချိုး ပြီးရင်မာမီတို့ကမ်းခြေသွားမယ်"

"ဟင့်အင်း သွားဘူး"

"ကမ်းခြေမသွားရင်ဘယ်သွားမလို့လဲ"

"မာမီနဲ့မသွားဘူးပြောတာလေ မကျော့နဲ့သွားမှာပေါ့"

"မာမီရှိနေတာတောင် ကျော့နဲ့ပဲသွားချင်တာလား"

"ခြူးက အလိုက်သိတယ်
သူများအတွဲကြားမဝင်တက်ဘူး
မာမီတို့ကြားဝင်နေရင် ဦးစိုင်းကအမြင်ကပ်မှာပေါ့"

ပေါင်လောက်ရှိသော စကပ်ဝတ်ထားသဖြင့်အပေါ်လိပ်တက်နေသည်ကို မဒီမှာ့ဆွဲချပေးပြီး မျက်လုံးတို့ကိုဆုံစေကာ

Sugar Mommy Where stories live. Discover now