The call from the ancient temple ( Part - 3 )

4 1 2
                                    

" The call from the ancient temple "

          အခန်း ( )

" ခေါင်းဆောင်ကြီး ရောက်ပါပြီး "

       အင်မတန် ကျယ်ဝန်း၍ ကျက်သရေရှိလှသော ခန်းမကြီးတစ်ခုတွင် လူပေါင်း တစ်ရာခန့်သည် ရောက်ရှိနေကြလေတော့သည်။ ထိုသူတို့သည် အရောင်မတူပေမဲ့ တူညီသော ပုံစံကို ဝတ်ထားလေကြသည်။ အပြာရောင်၊ အစိမ်းရောင်၊ နက်ပြာရောင်၊ အနက်ရောင်နှင့် အနီရောင်တို့ကို ဝတ်ဆင်ထားလေသည်။ ခန်းမကြီးထဲမှ ခေါင်းဆောင်ကြီး ရောက်ကြောင်း ပြောကြားတာနဲ့ အားလုံးက ခေါင်းဆောင်အား ဦးညွှတ်ကာ အရိုသေပေးကြလေတော့သည်။ ခေါင်းကြီးက ရောက်လာပြီး သူရဲ့လူအုပ်စုကို စကားတစ်ခွန်း စပြောလေတော့သည်။

" ငါတို့ရဲ့ ကမ္ဘာကြီး ထာဝရ ရှင်သန်စေရမယ် "

       ခေါင်းဆောင်ရဲ့ စကားအတိုင်း အားလုံးကလည်း တစ်ညီတစ်ညွတ်တည်း လိုက်ပြောကြလေတော့သည်။

" ထာဝရ ရှင်သန်စေရမယ် "

       ခေါင်းဆောင်က ကျေနပ်သော အပြုံးနှင့် ကြည့်၍ အားလုံးကို နှုတ်ဆက်လိုက်လေတော့သည်။ ခေါင်းဆောင်သည် အဖြူရောင် အင်္ကျီရှည်ကြီးကို ဝတ်ထားပြီး စင်မြင့်ပေါ်ကနေ စကားပြောကြားလေတော့သည်။

" ငါတို့ရဲ့ မျိုးဆက်သစ်တွေ ရှင်သန်စေရေးအတွက် ငါ့တို့မှာ တာဝန်ရှိတယ်ဆိုတာ အားလုံးသိကြတယ်နော် "

" သိပါတယ် "

" မကြာခင်ရောက်တော့မယ့် ပွဲတော်မှာ အားလုံးဘဲ ပျော်ရွှင်ရစေပြီး ငါတို့ရဲ့ကမ္ဘာကြီးဟာ လှပနေရမယ် "

" ဟုတ်ကဲ့ပါ "

" အဲ့ပွဲတော်အတွက်ရော အားလုံးအဆင်သင့်ဖြစ်နေပြီးထင်တယ် "

" ဖြစ်ပါပြီး "

" ပေးထါးတဲ့ တာဝန်တွေလည်း ကိုယ်စီကိုယ်ငှ ကျေတာဘဲ လိုချင်တယ်နော် တာဝန်ပျက်ကွက်ရင် စည်းဖောက်ရင် ဘာဒဏ်လဲဆိုတာ သိတယ်နော် "

The call from the ancient temple Where stories live. Discover now