Ep-2

456 56 11
                                        

Uni

_________

စာသင်ခန်း ပြင်လို့ မပြီးသေးခင်ခနတာ
ကလေးတွေကို ပိတ်ထားရသော်လည်း
သူ့အတွက် အဖြူရောင်ကလေးလေးကိုတော့
ထိန်းနေရသေးသည်။
ငါးဖမ်းပင် မလိုက်နိုင်အောင် ရှောင်းကျန့်မှာ
အဖြူရောင်လေးကို စိတ်မချနိုင် ဖြစ်နေ
သည်မှာ သားအပူမိနေသလိုမျိုး

" ဟေးး ခြေထောက် ခိုက်မိပြန်မယ်"

သဲပြင်မှာ ခပ်ဖွဖွပြေးလွှားနေခဲ့တဲ့
အဖြူရောင်ပုံရိပ်ကလေးကိုရှောင်းကျန့်မှာ
စိုးရိမ်တကြီး တကောက်ကောက်လိုက်ကြည့်
နေရသည်။ ခြေထောက်ဖွေးဖွေးရှိရှောင်းကျန့်
စည်းနှောင်ပေးထားတဲ့ပတ်တီးကလေးမှာ
ရေတွေစိုစွာ
နှစ်ရက်သာရှိသေးသော်လည်း ဝမ်ရိပေါ့်ကို
ရှောင်းကျန့်မှာပြန်မလွှတ်ချင်အောင်
သံယောဇဉ်တွယ်နေမိသည်။
ဒါကကျိန်းသေကိုရူးနေတာပဲ

" ရှောင်းကျန့် "

"ဟုတ်ကဲ့ "

" ဒါလေးတွေသီပေးပါ့လား"

လက်ထဲရောက်လာတဲ့ခရုခွံလေးများကို
ကြည့်ရင်း ရှောင်းကျန့်ကပြုံးလို့ ခေါင်းတစက်
စက် ငြိမ့်ပြလာသည်။ ဝမ်ရိပေါ်သာ လိုချင်
ရင်ရှောင်းကျန့်က ဟောဒီပင်လယ်ရေ
တွေ ခမ်းအောင် မြေဖို့ဆိုလည်းဖို့ပါမယ်
ဝမ်ရိပေါ့်ကိုငေးရတိုင်း သူ့အတွက် ဆောင်း
အိမ်မက်ရှည်တွေထဲ နစ်မြှပ်နေရသလို
ခံစားရမြဲ ထိလိုက်တာနဲ့ပဲ့ကြွေသွားမလား
စိုးရိမ်ရလောက်အောင် ထိုဖီးနစ်ဖြူကလေး၏
အသားများဟာ နူးညံ့လွန်းလှသည်။

" ဝမ်ရိပေါ်"

"Ayy"

" မင်း ခန္ဓာကိုယ်က အသွေးတွေအသားတွေနဲ့
ဖွဲ့စည်းထားတာရော ဟုတ်ရဲ့လား "

"ရှောင်းကျန့်က ဘယ်လိုထင်လို့လည်း"

" စကြဝဠာထဲက ကြယ်တာရာတွေ
ပြီးတော့လေ ဟောဒီ
ကမ္ဘာမြေရဲ့အလှတွေ ဒါမဟုတ်
တိမ်တိုက်တွေများလားလို့တွေးမိတယ် "

စေ့စေ့ပိတ်ထားတတ်တဲ့ နှုတ်ခမ်းဖူးဖူးလေး
အနည်းငယ်ဟသွားပြီး ပါးမို့မို့လေးများရဲသွား
ကာ ပြုံးသွားသော အခိုက်အတန့်လေး
ပင်လယ်ရဲ့ လေပြေများ ဟာ ဝမ်ရိ​ပေါ်ရဲ့
ဆံနွယ်တိုတိုတွေကိုထိုးဖွကာ
တိုးဝှေ့ဆော့ ကစားနေကြသည်။
ဝမ်ရိပေါ် ပြုံးလိုက်ခြင်းက သူ့အသက်ကို
ရက်ရက်စက်စက်နှုတ်ယူလိုက်ခြင်းမျိုးနဲ့လည်း
တိုက်ရိုက်အချိုးကျနေသေးတယ်။
ဒါဟာဘာကြောင့်လဲအဖြေရှာဖို့ခဲယဉ်းစွာ

Beyong The Horizon Where stories live. Discover now