လူတိုင်းရဲ့ ဘဝမှာ တစ်ဦးထက်မက ချစ်ခဲ့ဖူးကြတာပါပဲ...
ကံကြမ္မာရဲ့ မျက်နှာသာပေးမှု မခံခဲ့ရလို့ ချစ်တိုင်းလည်း မငြားခဲ့ကြတော့ လူ့သဘာဝအရ အချိန်တစ်ခုမှာ ခံစားကြရင်း ရှေ့ဆက်ကြရင်းတော့ နောက်ထပ် အချစ်တစ်ခု ထပ်မံပေါ်ပေါက်မွေးဖွားလာကြတာပဲမလားရုပ်ရှင်တွေ ဇာတ်ကားတွေထဲကလို တစ်သက်လုံးမှာ တစ်ယောက်ပဲ ချစ်သွားမယ်ဆိုတာ လူအယောက်တစ်ရာမှာ တစ်ယောက်တောင် မလွယ်တဲ့ ကိစ္စမျိုးလေ....
လူထဲက လူတွေပဲ ရှေ့ဆက်ရင်း ရှုန်းကန်ရင်း အချိန်က ကုစားသွားတဲ့အခါ မေ့ပျောက်သွားတာ မဟုတ်ရင်တောင် မှေးမှိန်သွားတတ်ကြတာ သဘာဝလေ
အဲ့လိုအချိန်မျိုးမှာ ပေါက်ဖွားလာတဲ့ နွေးထွေးကြင်နာမှုနဲ့ ထိုက်တိုက်တွေ့ရင် အချစ်တစ်ခုက ပြန်ပြီး အစပျိုးပေါက်ဖွားလာတတ်ကြတာလည်း သဘာဝပဲ
အဲ့ဒီအချစ်က အနှစ်တစ်ရာတိုင်မြဲသွားရင်တော့ ကောင်းတာပေါ့
ငါတို့မှာလည်း အဲ့လိုအချစ် ပေါက်ဖွားလာခဲ့ပြီထင်တာပဲ.....ငါ့အတွက်တော့ ရင်ထဲကလာတဲ့ နွေးထွေးတဲ့ အချစ်တစ်ခု ပေါက်ဖွားလာခဲ့တာမှတ်မှတ်ရရ ကျွန်တော့်ချစ်သူနဲ့ ၃နှစ်ကျော်ကြာတွဲပြီး သူဖောက်ပြန်သွားလို့ ကျန်ရစ်ဖြစ်ခဲ့ရတဲ့နေ့ အကြီးအကျယ်ပြိုလဲခဲ့တာ
အသည်းတွေလည်း ကွဲခဲ့ဖူးပါတယ်...အဲ့တစ်ခေါက်ကတော့ အသည်းကွဲတယ်ဆိုတာထက် မျှော်လင့်ချက်ပါ ကျိုးပဲ့တယ်ပြောရမလား
အပစ်ခံရလို့ အချစ်မခံရလို့ အသည်းကွဲတာထက် မျှော်လင့်ချက် အတွေးတွေ စိတ်ကူးတွေ ပျက်စီးသွားလို့ ပြိုလဲတာမျိုးလို့ ပြောရမလားသူနဲ့ ၃ နှစ်ကျော် တွဲတာမှာ သူ့ရဲ့ ပွေလီရှုပ်ထွေးတဲ့ အချစ်ရေးကိစ္စတွေကြောင့် အမြဲ စိတ်ညစ် မျက်ရည်ကျနေရတာဆိုတော့ သူမချစ်လို့ ပစ်သွားတဲ့အပေါ် အထွေအထူးခံစားချက်မရှိခဲ့ဘူး
ဆိုသော်ငြားလည်းပဲ ကျွန်တော်က စိတ်ကူးယဉ်သမား....ပြီးတော့ တစ်ခုခုဆို အစီအစဉ်တွေဆွဲပြီးမှ လုပ်တတ်တဲ့ လူစားမျိုး
ကျောင်းတုန်းကဆို ဘယ်အချိန်ထမယ် ဘာစာလုပ်မယ် လုပ်တဲ့စာက တစ်နာရီအတွင်း ဘယ်ကနေ ဘယ်အထိပြီးရမယ် ပြီးရင် နာရီဝက်ရေချိုးရမယ်
ရေချိုးပြီး ပြင်ဆင်ချိန် နာရီဝက်ထပ်ယူမယ် မနက်စာ ၁၅ မိနစ်စားပြီး ကျောင်းသွားမယ်
ကျောင်းဆင်းရင်လည်း ဘယ်အချိန် အဆောင်အရောက် ပြန်ရမယ် ညနေစာကို ဘယ်အချိန်မှာစားမယ် စာကို ဘယ်အချိန်စလုပ်ပြီး ဘယ်လောက်ထိပြီးမှ အိပ်ရမယ်ဆိုတာမျိုး
တစ်ရက်စာအတွက် အချိန်အပိုင်းအခြားနဲ့မှ အစီအစဉ်မဆွဲထားရင် မနေတတ်တဲ့အထိ လုပ်တတ်တဲ့လူမျိုး ကျွန်တော်က
YOU ARE READING
Let it be
Short Storyမင်းကိုငါ အများကြီးချစ်တာ.... အချိန်နောက်ပြန်ဆုတ်လို့ရရင်တောင် ကျွန်တော် နောက်ပြန်မသွားဘူး.....