ဂျောင်ဂု မစ္စတာဂျွန်ရဲ့ညပိုင်းပါတီကိုသွားဖို့အတွက် ဟိုတယ်ရဲ့အပေါ်ဆုံးအထပ်ဖြစ်တဲ့သူပိုင်တဲ့ကွန်ဒိုရဲ့ရေကူးကန်ထဲရေကူးနေတယ်။
ဗွမ်း!
ရေအောက်မှာမိနစ်၂၀ကျော်ကြာရေငုတ်ပြီးတဲ့နောက်ဂျောင်ဂုရေပြင်ပေါ်သိုပြန်တက်ကာလေအဝရှုလိုက်တယ်။ မျက်နှာနဲ့ကိုယ်လုံးရဲ့နေရာတစ်ချို့မှာရေသီးရေစက်တွေနဲ့ရေစိုနေတဲ့ဆံပင်တွေကိုအပေါ်လှန်တင်လိုက်တာကြောင့်ယောက်ျားပီသလွန်းတဲ့လက်မောင်းကြွက်သားတွေ ရေကူးကန်ပေါ်တက်လာချိန်မှာမြင်တွေ့ရတဲ့လူငယ်ယောက်ျားလေးတိုင်းလိုချင်ကြတဲ့Six packအပြင်Underwearသာဝတ်ထားတာကြောင့်လှစ်ဟနေတဲ့ပေါင်တံတွေနဲ့တွေဟာအားကစားလိုက်စားသူပြီသစွာတင်းရင်းပြီးကြီးမားလှတယ်။
ရေကူးပြီးတစ်ခါတည်းဂျောင်ဂုရေချိုးလိုက်တယ်။ အချိန်လည်းမစောတော့တာကြောင့်ပါတီအတွက်အဝတ်ပါလဲလိုက်တယ်။ အဖြူရောင်ရှပ်အကျီပေါ်ဂျတ်ကတ်အညိုထပ်ဝတ်ပြီးဂျင်းPantအရှည်ကိုတွဲစပ်ဝတ်ထားတဲ့ဂျောင်ဂုကပုံမှန်ဝတ်နေကျအနက်တွေထက်ပိုကြည့်ကောင်းလို့နေတယ်။
ဂျောင်ဂုပွဲထဲရောက်တော့ခန်းမထဲမျက်စိဝှေ့ဝိုက်ကြည့်မိတော့မစ္စတာဂျွန်နဲ့မီယွန်းကဒီနေ့ရဲ့ဇတ်လိုက်နှစ်ယောက်ပီပီဧည့်သည်တွေနဲ့စကားပြောနေကြတယ်။ မလှမ်းမကမ်းနားကစားပွဲဝိုင်းမှာထိုင်နေတဲ့ရှပ်အကျီမိုးပြာရောင်နုလက်ရှည်နဲ့စတိုင်ပန့်အပြာနုကိုတွဲစပ်ပြီးဝတ်ထားတဲ့ကင်ဆော့ဂျင်။
"ဒီတစ်ခါတော့စောက်မြင်ကပ်စရာလူကြီးလူကောင်းမရှိပါ့လား"
ဂျောင်ဂုပွဲထဲမဝင်ဘဲအလုပ်သမားဝန်ထမ်းကောင်လေးကိုလာခဲ့ဖို့မျက်စပစ်လိုက်တော့ဝိုင်ခွက်တွေထည့်ထားတဲ့ဗန်းကိုကိုင်ထားတဲ့ကောင်လေးကဂျောင်ဂုနားရောက်လာတယ်။
"ကင်ဆော့ဂျင်ကိုဟိုတယ်ရေကူးကန်ဘက်ခေါ်လာခဲ့"
ဂျောင်ဂုစကားဆုံးတာနဲ့ဝန်ထမ်းကောင်လေးကကင်ဆော့ဂျင်နားသွားပြီးစကားပြောနေပုံရတယ်။ ကင်ဆော့ဂျင်ကခေါင်းညှိမ့်ပြီးဝန်ထမ်းကောင်းလေးလက်ကိုကိုင်ပြီးလိုက်လာတယ်။ ကင်ဆော့ဂျင်မိဘတွေကလည်းပွဲထဲမတွေ့မိသလို မီယွန်းလည်းမစ္စတာဂျွန်မိတ်ဆက်ပေးနေတဲ့လုပ်ငန်းပါတနာတွေကြောင့်ဆော့ဂျင်ထွက်သွားမှန်းသတိမထားမိ။ ယွန်းဂီလည်းအနားမှာရှိမနေတာကြောင့်ပိုအဆင်ပြေပြေခေါ်ထုပ်လာနိုင်လိုက်တယ်။
YOU ARE READING
FLAG
Fanfictionမင်းပြောတော့ငါ့ကိုချစ်ပါတယ်ဆို ဟုတ်တယ်ချစ်တယ် ငါကမင်းကိုချစ်တယ် သူ့ကိုလည်းချစ်တယ် နောက်ပြီးငါနဲ့အတူအိပ်တဲ့သူအကုန်ကိုငါချစ်တယ်