Uni
____________အိမ်ငယ်လေးထဲကနေမီးခိုးငွေ့တွေတလူလူ
ထွက်လာ သည်နှင့်အတူ ဟင်းအနံ့အချို့
ပါရောကာသင်းပျံ့နေသေးသည်။ ထိုထဲတွင်
ဝမ်ရိပေါ့်ရဲ့ရယ်သံ ခပ်ဩဩလေး
တစ်ချက်တစ်ချက်ထွက်ပေါ်လျက်ရှိ၏" သားရှောင်းက အဲ့လိုတွေပါဆို "
"ချစ်စရာကောင်းပါတယ်"
မေမေကြီးနဲ့ရိပေါ် စကားလက်ဆုံကျနေသည်မှာ ရှောင်းကျန့်ကလေးတွေ စာသွား
ပြကတည်းက ဖြစ်သည်။ ဒီနေ့ ငါးဖမ်းဖို့ကို
ဖေဖေကြီးကသာ လိုက်သွားပြီးတော့
မေမေကြီးကရိပေါ့်ကိုအဖော်ပြုဖို့နေခဲ့သည်။ ရှောင်းကျန့််မရှိမှ
စကားကောင်းကောင်းပြောရသောကြောင့်
ဖြစ်သည် မဟုတ်ရင် ရှောင်းကျန့်က ဝမ်ရိပေါ်
ကို ဖွက်ထားလွန်းလို့" ရှောင်ပိုင်လေး "
"ဗျာ မေမေကြီး "
" ဘယ်အရပ်က လာခဲ့တာလဲ"
ရှောင်းကျန့်ခေါ်သလို လိုက်ခေါ်တဲ့အခါ မေမေကြီးက သဘောတကျပြုံးပြီး ကျောက်စိမ်း
ရောင်မျက်ဝန်းတွေကို အေးချမ်းစွာငေးမော
နေခဲ့သည်။ ဝမ်ရိပေါ်က ပြတင်းပေါက်
မြင်နေရတဲ့ကောင်းကင်ပြာပြာကို
လက်ညိုးထိုးပြလာတယ်။" ဟိုး က မိုးကုတ်စက်ဝိုင်းရဲ့ အဝေးဆုံး
နေရာကလာခဲ့တာ မေမေကြီး"မေမေကြီးကရယ်မောရင်း
ခေါင်းကို တစက်စက်ငြိမ့်ပြလာသည်။
နောက်ပြီးပြောသေးတယ် ရှောင်ပိုင်လေးက
သူတို့ သားအတွက်အပြီးပြည့်စုံဆုံးပဲတဲ့
ထိုစကားကြောင့်ရိပေါ့်မှာကျေနပ်တကြီး
ပါးတွေမို့တက်လာအောင်ပြုံးလိုက်မိပါသေး၏"ဒါလေး ယူထား ရှောင်ပိုင်လေး"
"ဒါဘာထည့်ဖို့လည်းဗျ"
" သားရှောင်းကောက်ပေးတဲ့ခရုခွံတွေသိမ်းဖို့
လေ "ထိုအခါ ထပ်မံထွက်ပေါ်လာတဲ့ ဝမ်ရိပေါ်ရယ်
သံကြောင့် မေမေကြီးကပါ လိုက်ပြီးရယ်တော့
သည်။ လက်ထဲက မေမေကြီးရက်ပေးထားတဲ့
အုန်းလတ်တောင်းလေးကို ကြည့်ပြီးမှ
ဝမ်ရိပေါ်မှာ ကျေနပ်နေရသည်။
ဝမ်ရိပေါ်က အရင်တည်းက ပင်လယ်ကို
သိပ်လာချင်တဲ့ငှက်ကလေးလူတွေကြား
ပွတ်သပ်ချော့မြူခံချင်တဲ့ကလေးလေး ဖြစ်
သည်။ သူ့အိမ်မက်တွေက အဲ့အချိန်က သနား
စရာ အိမ်မက်တွေသက်သက်ဖြစ်ခဲ့ရပေမယ့်
အခုဆို သူ့ဘဝလေးကရှောင်းကျန့်ကြောင့်
ပြိးပြည့်စုံနေခဲ့ပြီဖြစ်သည်။

YOU ARE READING
Beyong The Horizon
Fantasia𝘣𝘦𝘺𝘰𝘯𝘨 The 𝘩𝘰𝘳𝘪𝘻𝘰𝘯 .. [မိုးကုပ်စက်ဝိုင်း၏အလွန်] Zsww Supernatural fiction Start date-28.9.2024 End date-2.10.2024