အပိုင်း ၃၇

491 29 1
                                    

"ဘယ်သွားအုံးမှာလဲလို့...."

"ကျွန်မကို အလေလိုက်နေတယ်လို့များ ထင်နေသလား သျှားနေသော်မောင်"

မမ က သူ့အလုပ်သူလုပ်နေကာ အပြင်သွားရန်ပြင်ဆင်နေသည်။

"ဒီနေ့တစ်ရက်လေး မောင်ရုံးပိတ်တာကို အိမ်မှာနေလို့မရဘူးလား အိမ်သူရယ်"

ရုံးပိတ်ရက်ဆိုရင် သျှားနေသော်မောင် အလွမ်းသယ်နေကြပင်။ ကျောင်းပြန်တက်ရချိန် နီးနေပြန်တော့ သင်တန်းကိုလည်း ပြန်ဖွင့်ရ၏။ သျှားနေသော်မောင် ရုံးပိတ်ရက်ဆိုလည်း တေးသံစဉ်နှောင်း မအားပါ။

"မရလို့ပေါ့ စာသင်ရအုံးမယ်။ ရှင်လုပ်တာနဲ့ နောက်ကျတော့မယ်"

"မောင်လည်း သင်ချင်လို့"

"ဒီမှာ မောင်!!"

"ရှိပါတယ် မောင်ရှိပါတယ် မမ"

သူ့ကိုလက်ပိုက်ကြည့်ကတည်းက ဆူတော့မည်ဆိုတာ သိသဖြင့် ကြိုတင်ပိတ်ထားရသည်။

"ကျွန်မ က အလယ်တန်းနဲ့အထက်တန်းပဲ သင်တာရှင့် မောင့်လို တက္ကသိုလ်သူကို မသင်ဘူး"

"မောင်လည်း ကျောင်းစာသင်မယ် မပြောပါဘူး"

ဒါဖြင့် အရစ်ကရှည်နေသေး။

"ဒါဖြင့်ရင် ဘာသင်ချင်တာလဲ"

"အချစ်ရေးအကြောင်းလေး သင်ချင်လို့။ ဟောဒီ ဆရာမေလးစီက အချစ်ပညာရေးလေး သိချင်လို့ပါခင်ဗျ"

"အချစ်အကြောင်းသိချင်ရင် ဗေဒင်ဆရာစီသွား"

နှာဖူးလေးကို ဖွဖွလေးတောက်ခဲ့ကာ အပေါက်ဝသို့ လှမ်းချီတော့ မောင်ကရှေ့ကကာ၏။

"နေပါအုံး။ မောင်လည်း ကူသင်ပေးမယ်လေ"

"ရုံးပိတ်ရက် နားရတုန်းလေး အိမ်မှာနေပါလား မောင်ရယ်
မပင်ပန်းဘူးလား"

"အလုပ်ပိတ်ရက် မမအနားမှာမရှိမှတော့ ပင်ပန်းတာချင်းအတူတူပါပဲ"

နှောင်း လက်မောင်းပေါ်ကို မှေးတင်ပြီး အောက်နှုတ်ခမ်းလေး ထော်ပြသည်။ ကြာလေ ချွဲတတ်လေပဲ။ တည်ငြိမ်လိုက်ရင်လည်း လိုက်မမှီ။

ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [ on going ]Where stories live. Discover now