အခန်း ( ၅ )

20 6 0
                                    

" Khun ကို Pan ချစ်တယ်၊ချစ်တယ်ဆိုတာထက်ပိုတဲ့စကားရှိရင်လဲပြောချင်တယ်၊ မြင်မြင်ချင်းအချစ်ဆိုတာကို Khun ယုံမလားတော့ မသိပေမဲ့ Pan ကတော့ Khun ကိုမြင်မြင်ချင်းချစ်မိသွားတယ်ထင်ပါရဲ့၊ Khun နားမှာရှိနေချင်တယ် ထာဝရအတွက်ပေါ့၊ မိန်းကလေးချင်းဆိုတာကိုကော Khun လက်ခံပါ့မလား မသိပေမဲ့ မိန်းကလေးချင်းအချစ်ဟာလဲ အချစ်ပါပဲ KhunKhun စီကချစ်တယ်ဆိုတဲ့ စကားကိုကြားချင်ပေမဲ့ Khun ဆုံးဖြတ်ချက်ကို Pan အလေးထားပါ့မယ် "

Pock သူမကို သူမ မယုံကြည်နိုင်ဖြစ်နေပါသည်။ Pan ဆိုသူက သူမကိုချစ်သည်တဲ့လား..။ နောက်ပြီး ညီမ San ကလဲသူမကိုချစ်သည်တဲ့လား..။ သူမဘာလုပ်ရမည်လဲ။ သူမ ဘာလုပ်သင့်သလဲ။ သူမ ကိုယ်သူမ မသိဖြစ်နေပါသည်။ သူမ ထပ်ချစ်မိမှာကို ကြောက်ပေမဲ့ ထပ်ချစ်ကြည့်ချင်တာတော့အမှန်ပင်။

" Khun တစ်ခုခုပြောပါအုံးလား၊ ဒါမှမဟုတ် Pan ကိုစိတ်ဆိုးသွားတာလားဟင်၊ Pan ကိုစိတ်မဆိုးဘူးဆိုရင် တစ်ခုလောက်ထပ်ပြောပါရစေ၊Khun နှလုံးသားကို နောက်ထပ်တစ်ကြိမ်လောက်အခွင့်ရေးလေးထပ်ပေးလိုက်စေချင်တယ် "

Pock လဲသူမ နှလုံးသားကို သူမအခွင့်ရေးပေးကြည့်ချင်ပါသည်။ ဒါပေမဲ့ သူမ မည်သူ့ကိုရွေးချယ်ရမလဲ။ သူမကို ချစ်တယ်လို့ပြောထားတဲ့ သူက ၂ယောက်တောင်ပင်။

" Khun "

" Pan "

" နားထောင်နေပါတယ် Khun ပြောပါ "

" တို့ကို ချစ်တယ်ဆိုတဲ့ အမျိုးသမီးက ၂ယောက်တောင်ဖြစ်နေတယ် Pan ၁ရက်ပဲကွာတယ်ရည်းစားစကားပြောတာချင်းကတို့ဘာလုပ်သင့်လဲဆိုတာတို့ကို တို့တောင်မသိဖြစ်နေတယ် ညီမ Pan "

Pan ဘာဆက်လုပ်ရမည်နည်း။ သူမချစ်သော အမျိုးသမီးကို ချစ်တယ်လို့ သူမထက်ဦးအောင်ပြောထားတဲ့ သူကရှိတယ်တဲ့။ ထိုသူကလဲ မိန်းကလေးတစ်ယောက်ပဲဖြစ်နေတယ်ဆိုတော့ Pan ထင်တာမမှားရင် ထိုသူက San ဆိုတာအသေချာပင်။

" Khun ဆုံးဖြတ်ချက်တိုင်းကို Pan အလေးထားပါတယ်၊ ဒါပေမဲ့ တစ်ခုတော့ပြောချင်တယ် KhunKhun နှလုံးသားက အသံကိုသေချာနားထောင်ပါနော် "

I wanna be yoursWhere stories live. Discover now