Ep-4

439 53 8
                                        

Uni

__________

-ရှောင်းကျန့်ခင်ဗျား နဲ့ဆုံခဲ့ရတာက
ကျွန်တော့်တစ်ဘဝလုံးစာအတွက်
အကောင်းဆုံးမှတ်ဉာဏ်အဖြစ်
အမြဲရှိနေမှာပါ-

------

ရှောင်းကျန့်ရဲ့အဖြူလုံးလေးဟာ
ဆောင်းခိုနေသလားအောင့်မေ့ရလောက်
အောင် အခန်းထဲက ဘယ်သောအခါမှ
အပြင်ကို ခေါ်ထုတ်လို့ မရတာ နှစ်ပတ်
လောက်ရှိပြီဖြစ်သည်။အကုန်လုံး
စိတ်ပူနေကြပြီးရှောင်းကျန့်ဆို အမြဲဘေးကနေ
မခွါနိုင်ပေ ။

"ဘာလိုလည်း ဝမ်ရိပေါ် ကိုယ့်ကြောင့်လား
ကိုယ်ကြောင့် တစ်ခုခုဖြစ်လို့လား "

" ရှောင်းကျန့်"

"ဟုတ်ကဲ့"

ကုတင်ပေါ်ကွေးကွေးလေး နေနေတဲ့ဝမ်ရိပေါ်
အနားကို စိုးရိမ်စွာသွားထိုင်ရင်းမေးတဲ့အခါ
ထိုကောင်လေးက အိပ်နေရာက ထထိုင်လာပြီး
သူ့ကို ပုခုံးကနေသိုင်းဖက်လိုက်တာမို့
ရှောင်းကျန့်မှာ ခါးသိမ်သိမ်ကို ထိန်းကိုင်
ထားလိုက်ရသေးသည်။ မေမေကြီးတို့ကလည်း
ဝမ်ရိပေါ်ကို စိုးရိမ်နေကြသည်မို့ နေမကောင်း
လို့ဟုလိမ်ထားရပါသေးတယ်။

ဝမ်ရိပေါ်က ရှောင်းကျန့် ပုခုံးပေါ် ခေါင်းကို
မှီချလိုက်ရင်းတိတ်တိတ်ကလေး
ပြုံးနေခဲ့သည် ။ ဒါကို စိုးရိမ်လွန်နေတဲ့
သူ့ရဲ့ လက်တွဲဖော်လေး မသိနိုင်လောက်
ဝမ်ရိပေါ်ပြောလိုက်တဲ့လေသံတိုးတိုးဟာ
ခနနဲ့ပြောက်ကွယ်သွားသော်လည်း
ရှောင်းကျန့် အတွက်နှလုံးသားထဲမှာသံနဲ့
စွဲကပ်ထားသလိုခံစားမှုမျိုး

" ကျွန်တော်တို့နှစ်ယောက် ရဲ့သွေးနှောလေးတွေ ရောက်နေပြီထင်တယ် ရှောင်းကျန့်"

အချိန်ခဏမျှကြောင်အသွားတဲ့ရှောင်းကျန့်ဟာ
သဘောပေါက် သွားသည့်အချိန်တွင်
ပျော်ရွှင်မှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံးမှာရှိနေတဲ့ သွေးကြောလေးတွေ တစ်ခုစီကအစ ခုန်
ပေါက်နေတဲ့ ခံစားချက်ကို နွေးထွေးစွာ
ခံစားလိုက်ရသည်။ ဝမ်ရိပေါ်ကိုယ်ကို
ခပ်တင်းတင်းဖက်တွယ်လိုက်ရင်း ဆံသား
ဖြူဖြူတွေကြား နမ်းရှိုက်ငိုရှိုက်မိသည်။

Beyong The Horizon Where stories live. Discover now