Opera House

495 54 14
                                    

[1]

"တကယ်ပဲ​ ပြန်မလာတော့ဘူးလား"

ဖုန်းထဲက ထွက်လာတဲ့ လူရွယ်ရဲ့ အသံမှာ တည်ငြိမ်လို့နေလေတယ်။ စိတ်ရင်းကို ဖော်ပြနေသည်သို့နှယ်။

"အင်း... လောလောဆယ်တော့ အဲ့လိုပဲ​ စဉ်းစားထားတယ်။"

အဆိုပါမေးခွန်းအတွက် ဂျယ်ယွန်းထံတွင် အဖြေမရှိခဲ့ပါ။ ပြတင်းပေါက် ခန်းဆီးစကို လက်ဖြင့် အသာလှပ်တင်လိုက်ပြီး ပြတင်းအပြင်ကို ငေးကြည့်လိုက်တယ်။

အရှေ့ယွန်းယွန်းဆီမှ နေလုံးကြီးဟာ ထွက်ပြူစပြုနေလေပြီ။

နွေရဲ့နောက်ဆုံးအရုဏ်ဦး။

နွေကုန်ခါနီး ဆောင်းဦးဝင်ခါစ ပါရီရဲ့ အလှတရားဟာ နှိုင်းရက်ဖွယ်တောင် မရှိခဲ့။

"နောက်ပိုင်းကျ ဘာဆက်လုပ်မှာလဲ"

ထိုအသံပိုင်ရှင်က မလျှော့သောဇွဲနဲ့ပဲ ဆက်မေးပြန်တယ်။

"မစဉ်းစားရသေးဘူး။"

လွတ်နေတဲ့ လက်တဖက်နဲ့ ပြတင်းပေါက်ကို ဖွင့်လိုက်တယ်။ 

လေနုအေးတို့က မျက်နှာဆီသို့ လာရောက်တိုးဝှေ့လေတယ်။ စိတ်ကျေနပ်သွားဟန်ဖြင့် နှုတ်ခမ်းထောင့်စွန်းလေးက မဆိုစလောက်လေး ကော့တက်သွားတယ်။ သူ ရယ်ရင် တကယ်ပဲ လှတယ်လို့ တွေ့တဲ့ လူတိုင်းက ပြောစမှတ်ဆိုကြပါတယ်။ ဆိုပါတော့လေ။

"ဂျယ်ယွန်း... အီသန်က——-"

"အီသန်နဲ့ ငါ ဘာ ပတ်သက်မှုမှ မရှိတော့ဘူး ဂျေး... ငါတို့ လမ်းခွဲခဲ့ကြပြီးပြီလေ။"

တိုက်ခတ်လာတဲ့ မနက်ခင်းလေအေးက အရိုးထဲ အသားထဲ နှလုံးသားထဲအထိ အေးစိမ့်ဖွယ်။

"ဒါပေမဲ့လည်း ဂျယ်ယွန်း——"

"ဂျေး တော်ပါတော့..."

ဂျယ်ယွန်းရဲ့ အသံမှာ သိသိသာသာကိုပင် တိမ်ဝင်သွားခဲ့ပါလေတယ်။

"ရှင်းမ်ဂျယ်ယွန်း မင်းက တကယ်ကိုပဲ တခြားလူတွေအတွက် မစဉ်းစားပေးတတ်တာပဲ။"

တဖက်လူရဲ့ အသံမှာ စိတ်မရှည်မှုလေးများ တစွန်းတစ ပါဝင်လာတယ်။

Opera House ||SungJake||Where stories live. Discover now