Part 5

3K 112 9
                                    

ယနေ့နံနက်သည် ခါတိုင်းနံနက်နှင့်ကွာခြားနေသည်အလား။
အပေါ်ယံစောင်ဖြူလေးသာရှ်ိပြီးနှစ်ဦးကြာတွင် လေတောင်မခြား ဖက်ထားသည်။
မနက်စောစော နိုးတက်သော မဒီမှာ ကိုယ်လက်နာကျင်မှုကိုအရင်ခံစားလိုက်ရသည်။
မဒီတောင် ယခုလိုနာကျင်လျှင် ခြူးမှာ မည်သို့ပင် နာကျင်နေမည်ကို မတွေးရက်ပေ။

ရင်ခွင်ထဲတွင် အိပ်ပျော်နေသော ပါးဖောင်းဖောင်းလေးနှုတ်ခမ်းကိုအသာလေးနမ်းရှိုက်လိုက်သော်လည်း ချက်ချင်းနိုးလာပြီး

"မာမီကလဲကွာ ဘေဘီအိပ်လို့မဝသေးဘူးလေ"

"မာမီလဲ မ‌ဝသေးဘူး"

"ဟမ်...! တညလုံးတောင်မဝသေးဘူးလား"

"ဘာတွေလျောက်တွေးနေတာတုန်း
မာမီက အိပ်ရေးမဝသေးဘူးပြောတာကို"

ခြူးကိုစချင်သောကြောင့် ပြောလိုက်သော်လည်း အူတူတူဖြစ်သွားခြင်းကြောင့် မဒီရီလိုက်မိသည်။

"မာမီနော် ရီမနေနဲ့ ဘာပြောလဲဆိုတာသိတယ်"

"ဟော မာမီက ဘာပြောလို့လဲ"

"မသိဘူးကွာ မာမီ လူညစ်ကြီး"
ရင်ကိုဖုံးထားသော စောင်ဖြူလေးကိုခေါင်းထိခြုံကာ ရှက်နေသောခြူးကို ပိုစချင်လာသည်။
မဒီ့လက်လေးတစ်ဖက်ကို စောင်အထဲသို့ ထည့်လိုက်ပြီး ခြူးခါးပေါ်တွင် လက်ညှိုးကလေးဖြင့် ပြေးကစားနေသည်။

"မာမီ မစနဲ့လို့"

"မာမီဘာလုပ်မိလို့လဲ‌ ဘေဘီလေးရဲ့"

"မာမီနော်"

"ဘေဘီလေးကလဲ အဲ့လိုချွဲမနေနဲ့လေ
မာမီ့အူတွေကလီစာတွေမရှိတော့ဘူး"

"ဟွန့် ဘယ်ရောက်သွားလို့လဲ"

"ဘေဘီကချွဲနေတော့ ပြုတ်ထွက်ကုန်တာပေါ့"

"အပိုတွေပါနော် အတွင်းကလီစာ လူကုန်ကူးခံလိုက်ရပြီး တရားခံရှာနေတာမလား"

ရင်ခွင်ထဲသို့ပွေ့ဖက်လိုက်ကာ သေးသေးသွယ်သွယ်လေးမို့ မဒီရင်ခွင်ထဲတန်းဝင်သွားသည်။

"တရားခံလေးကို ဖမ်းမိပြီ တစ်သက်လုံး မလွှတ်ပေးတော့‌ဘူးနော်"

Sugar Mommy Where stories live. Discover now