Aiden သည် ကားကို ဝပ်ရှော့ဆိုင်ပို့ခဲ့ပြီး တိုက်ခန်းဆီသို့ခြေကျင်နဲ့သာပြန်လာလိုက်၏။ လမ်းလျှောက်တဲ့အခါမှာလည်း အတွေးတွေကစုဝေးနေခြင်းမရှိသည်ကြောင့် အမှိုက်ပုံးကို တိုက်မိလိုက်၊လမ်းမီးဓာတ်တိုင်ကို တိုက်မိလိုက်၌ အိမ်ပြန်လမ်းတလျှောက်ဗရုတ်သုတ်ချ ကျနေခဲ့၏။
ကျော်ဖြတ်လာပြီးနောက်မှာ သူသည်အိမ်သို့ရောက်လာလေ၏။ ဓာတ်လှေခါးထဲသို့ဝင်၍ မိမိနေရာ၏အထပ်ကို နိုပ်လိုက်၏။ ခဏအကြာအပေါ်သို့တက်ပြီးခိုက်မှာ မိမိ၏တိုက်ခန်းနေရာကိုရောက်၏။ ထိုအခါမှာမိမိအိမ်၏အရှေ့တံခါးဝတွင် စောင့်နေသည့် Lindaကိုတွေ့လိုက်ရ၏။
Lindaမှာနာရီတော်တော်ကြာ Aiden၏ပြန်အလာကိုစောင့်နေရင်း မျက်လုံးထောင့်ကနေအရိပ်တစ်ခုကိုတွေ့မိတာကြောင့် သူကြည့်လိုက်သည့်အခါ Aidenကိုတွေ့လိုက်ရ၏။မျက်နှာမှာ ပလာစတာတွေကပ်ထားသူကို သူမတွေ့လိုက်ရတော့ သူမ၏နှလုံးတွေမှာထိပ်ဆုံးသို့ခုန်တက်သွား၏။ အမြန်လေးလမ်းပြေးလျှောက်ရင်း အနားကိုတော့ သူ၏မျက်နှာကိုလက်ဖဝါးနှစ်ခုကြားညှပ်လိုက်၏။
"မျက်နှာကဘာဖြစ်တာလဲ"
ထိုသို့မေးတော့ Aidenမှာဘာမှမပြောပဲ ငြိမ်နေ၏။ သူဘယ်လိုပြန်ပြောသင့်လဲဆိုတာစဉ်းစားမရဖြစ်နေခိုက် Lindaကနောက်တစ်ကြိမ်ထပ်မေး၏။ သည်တစ်ခါမှာတော့သူမ၏အသံကမာထန်သွား၏။
"ငါမေးနေတယ် Aiden"
"ကားအက်စီးဒင့်ဖြစ်တာ အရမ်းမဆိုးဘူး ကားအရှေ့ပိုင်းတော့နည်းနည်းပိန်သွားတယ်"
ကားတိုက်တာကို အကြောင်းပြု၍သူလိမ်ပြောလိုက်ခြင်းဖြစ်၏။ သူအခုလုပ်နေသည့်အမှုအကြောင်းကို Lindaအားမသိစေချင်ပါ။ Lindaသာ သိရင် သေချာပေါက် စိတ်ပူပြီးသူ့နောက်ကိုပဲလိုက်နေမည်ဆိုတာကိုသိလို့ပေ။
"ဟယ် နင်ကတော့လေ ကိုယ့်ကိုကိုယ်ဂရုကိုမစိုက်ဘူး"
သူမသည်ထိုသို့ပြော၍ Aiden၏ မျက်နှာကိူလွှတ်ပေးလိုက်၏။
"ဒါနဲ့ နင်ဘာလို့ဒီကိုရောက်နေတာလဲ"
ထိုသို့ပြောတော့ သူမသည်လက်ထဲက အထုပ်လေးကိုတစ်ခုကိုထောင်ပြ၏။
YOU ARE READING
Jax
Romanceဤဝတ္ထုပါ အကြောင်းအရာများမှာ ကျွန်တော်၏စိတ်ကူးယဉ်ဖန်တီးမှုများသာဖြစ်ပါ၏။ တူညီမှုများရှိခဲ့ပါက တိုက်ဆိုင်မှုတစ်ခုသာဖြစ်ပါ၏။ စိတ်ကူးယဉ်ဖြစ်တာကြောင့် လက်တွေ့ဘဝနဲ့လုံးလုံးမှမတူညီပါ။ စိတ်ပြေလက်ပျောက်ဖတ်ရှုနိုင်ရန်အတွက်သာ ရေးသားထားခြင်းဖြစ်ပါသည်။ မည်သည်...