Ep-5

386 57 4
                                        

Uni

——————-

"ဝမ်ရိပေါ် မင်းလုပ်ထားတဲ့အပြစ်ကို
သိရဲ့လား "

ခေါင်းငုံထားတဲ့ ဖီးနစ်အဖြူလေးဟာ
လူသားတစ်ယောက်နဲ့ချစ်ကြိုက်မိခဲ့တာကို
အပြစ်လို့ခံယူမထားခဲ့ဘူး
ချစ်ခြင်းမေတ္တာဟာ ကန့်သတ်ချက်မရှိပဲ
လှပကြောင်း ရှောင်းကျန့်ဆီမှာသူတွေ့ခဲ့ပြီးပြီ
အဆင်ပြေပြေ ဘဝကို ဖြတ်သန်းနေတဲ့
ချစ်ရသူကိုစိတ်အေးအေးဖြင့်
သူ့ဘက်ကဆက်ချစ်နေရုံနဲ့လည်းဘဝက
ပြီးပြည့်စုံလို့ရတာပဲ

" ရိပေါ်ရာ ခက်တာပဲ မင်း ကလေးတွေရှိလာမှာကို မျိုးနွယ်စု သိလို့မရဘူး "

" ကျွန်တော့်ကို ပြန်ပို့ပေးလို့မရဘူးလား "

" မရဘူး ဝမ်ရိပေါ် မင်းကိုငါဘယ်လောက်
လိုက်ရှာနေခဲ့ရလည်း သိလား
ကမ္ဘာတစ်ခုလုံး ပြောင်းပြန်လှန်ဖို့ပါ
တွေးခဲ့တာ!!"

မျိုးနွယ်စုခေါင်းဆောင်ရဲ့ ဒေါသတွေတောက်
လောင်နေတဲ့မျက်ဝန်းနီတွေက သူ့ကို
ပြာချပစ်တော့ မယ့်အသွင် ဖြင့်
တလက်လက် ဝင်းပနေခဲ့သည်။
လူသားနဲ့သာ ရင်သွေး ရခဲ့တာကို
သိခဲ့ရင် ဝမ်ရိပေါ်ရော ကလေးပါ
အသတ်ခံရမှာဖြစ်ပြီး ဒီသတင်းကို
ဖုံးဖို့ ခေါင်းဆောင်ခဗျာ ခေါင်းခြောက်နေရ
သည်။

ဝမ်ရိပေါ်ဟာ အဖြူရောင်ဖီးနစ်ကလေး
တစ်ကောင်မဟုတ်ခဲ့ရင်လည်း သူက
သူ့ရဲ့ mate ဖြစ်ပေးဖို့ တောင်းဆိုခဲ့မိမှာပဲ
ဒါပေမယ့် ဝမ်ရိပေါ်ဟာ အစကနေအဆုံးထိ
သူ့ကို နည်းနည်းလေးတောင်မြင်မပေးခဲ့ဘူး
သူကတော့ အခုထိ ဒီငှက်ငယ်လေးကို
ကာကွယ်ပေးချင်နေတုန်း

" ရိပေါ်"

"ဟုတ်ကဲ့"

" ငါတို့မှာရွေးချယ်စရာတစ်ခုပဲရှိတော့တယ်"

" သူ့ကို မထိခိုက်ရင်ရပြီ"

ပြတ်သားစွာ ထွက်ပေါ်လာတဲ့စကားနဲ့အတူ
ဝမ်ရိပေါ်မျက်နှာဟာ အလွန်တည်ငြိမ်နေခဲ့
သည်။ သူမြတ်နိုးရတဲ့ ဆံပင်ရှည်တွေမရှိတော့
ပေမယ့် အဖြူရောင်တွေလွှမ်းခြုံထားတဲ့
ဝမ်ရိပေါ်ဟာ သူ့ကမ္ဘာကြီးကို ပြည့်စုံနေဆဲ
ဖြစ်သည်။ လူသားတစ်ယောက်ကို အဲ့လောက်
တောင်ချစ်တာလား ရိပေါ်

Beyong The Horizon Where stories live. Discover now