ဆူးမရှိသော နှင်းဆီ

30 2 8
                                    

        ဂစ်တာလေးတလက်.....
        နှင်းဆီလေး တစ်ပွင့်သာရှိရင်....
        ဆူးဘဝအတွက်ဘာမှ မလိုတော့ပါဘူး...

🥀🥀🥀
 
             ကားအနက်ရောင်လေးပေါ်က ဆင်းကာ အိမ်ကြီးကိုတစ်ချက်မော့ကြည့်မိသည် ။ ဟောင်းနွမ်းနေပုံရတဲ့ ဒီအိမ်ကြီးဟာ သူ့အကြိုက်ပုံစံပါပဲ ။ အိမ်ထဲကို၀င်လိုက်တော့ စောင့်နေပုံရတဲ့ လူ၂ယောက်ဟာ ထိုင်ရာကနေမတ်တပ်ထရပ်ပြီး

Man - " ဟုတ်ကဲ့....ရောက်လာပြီလားဗျ " လူတစ်ယောက်လုံးကိုမြင်ရဲ့သားနဲ့....စကားရှည်တဲ့ထိုလူ့ကိုပြုံးပြလိုက်ကာ

Jisoo - " ရှင်မြင်တယ်ဆိုတော့....လိုရင်းကိုပဲပြောရအောင်... ကျမ သိပ်အားမနေလို့ "  ဆိုတော့ ထိုလူဟာ ပျက်သွားတဲ့မျက်နှာကို သွား၃၂ချောင်းပေါ်တဲ့ အပြုံးနဲ့အတင်းဖုံးကာ

Man - " ရတာပေါ့...ရတာပေါ့...မစ်ကင်မ် မအားတာသိပါတယ်.....ဒီမှာပါစာချုပ်တွေက လတ်မှတ်ထိုးလိုက်ရင်ရပါပြီ "

              စာချုပ်ကို ယူကာစစ်ကြည့်လိုက်ရသည် ။ ဟုတ်တယ် ဂျီဆူး ဘယ်သူ့ကိုမှ မယုံဘူး အထူးသဖြင့် ယောက်ကျားတွေကိုပဲ ။ လက်မှတ်ထိုးပေးကာ ပြန်ပေးလိုက်တော့ ကျမရဲ့ လတ်မှတ်ကိုတောင် မကြည့်ပဲ ချက်ချင်းကိုလတ်မှတ်ထိုးတာမို့ နှုတ်ခမ်းတစ်ဖက်ကွေးအောင် ပြုံးလိုက်မိသည် ။ မြန်မြန်ပြီးသွားတော့လည်း ကောင်းတာပေါ့....

Jisoo - " ရော့....ဒီမှာ...၀မ်သိန်း၈၀၀၀ပြည့်မပြည့် စစ်ကြည့်လိုက်ပါအုံး " ဆိုတော့ ထိုလူက အိတ်ကိုတောင်ဖွင့်မကြည့်ဘဲ

Man - " ရပါတယ်ဗျ....ကျွန်တော်က မစ်ကင်မ်ကို ယုံပြီးသားပဲဟာ....မဟုတ်ဘူးလား " မစစ်ဘူးဆိုတော့လည်း နှင်ထုတ်ယုံပဲရှိတော့သည်။

Jisoo - " ကဲ...ဒါဆိုလည်း ကိစ္စပြတ်ပြီမလို့... ရှင်တို့လိုရာခရီး ဆက်သွားနိုင်ပါပြီ " ထိုလူ က လေများဖြတ်နေသလားပဲ ပါးစပ်ကိုမစိဘူး ။

Man - " ဟုတ်ကဲ့...ဒါဆို မစ်ကင်မ်လည်း....ဒီအိမ်ကြီးမှာ ဂရုစိုက်နေပါအုံးဗျ " လေကြောက ရှည်နေပြန်ပြီ ။ ထို လူ၂ယောက်ပြန်သွားမှ နားအေးရတော့သည် ။ အမှန်က ဂျီဆူး ကုမ္မဏီမှာ တက်နေတဲ့ ပြသနာတွေကို ဖြေရှင်းပြီးသွားလို့ ဂျီဆူးရှိမှာ ကျန်ခဲ့တဲ့နောက်ဆက်တွဲ ရလဒ်ဖြစ်တဲ့ stress တွေကို လျှော့ချဖို့ရာ ဒီအိမ်ကြီးကို ၀ယ်လိုက်ခြင်း ဖြစ်သည် ။ ဂျီဆူး က လူရှုပ်တာတွေဆူညံတာတွေလည်း မကြိုက်တော့ အခုလို သီသန့်ဆန်ပြီး ရှေးဟောင်း အငွေ့အသက်တွေရတဲ့ အိမ်မျိုးကို လိုက်ရှာနေခဲ့တာ ကြာပြီဖြစ်သည် ။ သရဲလား.....စိတ်မပူပါနဲ့ ကျွန်မက သရဲထက်ပိုကြောက်ဖို့ကောင်းတာမလို့ ။

ဆူးမရှိသော နှင်းဆီ ( Chaesoo )( Completed ) Where stories live. Discover now