Chapter 13

83 18 5
                                    

"ဘာလို့လဲ၊ ဘာလို့ ဘာမှ ပြန်မပြောတော့တာလဲ" ကျိုးရိုက ထုံထုံ့ကို တိတ်တိတ်လေး ကြည့်နေလိုက်တယ်...

ထုံထုံက သူ့ကို တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ကြည့်လိုက်ပေမဲ့ မျက်လုံးတွေမှာ မီးတောက်နေပြီ..

"သေးမပေါက်ချင်တော့ဘူးလား?" ကျိုးရိုက ထုံထုံ့အကြည့်ကို လန့်သွားတယ်..

ထုံထုံက အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့ဘာသာပြန်တွေးလိုက်တယ်၊ ပြီးတော့ ခေါက်ထားလိုက်ဖို့ တွေးတယ်၊ သူက သောက်ရူးတကောင်နဲ့ ရန်မဖြစ်ဖို့ တွေးထားတယ် "ငါ---"

"ငါ့ကိုဖက်ထားရင်း ပေါက်လို့လည်း ရပါတယ်" ကျိုးရိုက ထပ်ပြောတယ်..

ထုံထုံလည်း စိတ်ပေါက်လာတာနဲ့ ထပေါက်ကွဲတော့တယ် "ငါ မင်းကို လွှတ်မပေးဘူး! ဖက်ထားမယ်! မင်းလည်း ပေါက်ပြဦးလေ! ငါ့ဖို့ပါ ပေါက်ပေးလိုက်! ကြည့်ရအောင်! ပေါက် ပေါက်! ငါ့ကို ချီထားရင်း ငါ့ဖို့ပါပေါက်!"

ကျိုးရို မျက်မှောင်ကြုတ်လိုက်တယ် "မင့်လည်း ကြည့်ပါဦး၊ စိတ်ရူးတွေ ပေါက်နေလိုက်တာ"

"..................."

ထုံထုံက ဆဲလိုက်ပြီး အော်တယ် "လွှတ်ပေး! ငါ့ကို အောက်ချ‌!"

"မပေးဘူး!" ကျိုးရိုလည်း အနိုင်မခံ ပြန်အော်တယ် "ဒီတိုင်း ပေါက်ချလိုက်!"

"မပေါက်တော့ဘူး!" ထုံထုံ ထပ်အော်တယ် "ငါ မပေါက်ချင်တော့ဘူးလို့! ရှင်းပြီလား!"

"ရှင်းပြီ" ကျိုးရိုက ထုံထုံ့ကို ချီထားရင်း သန့်စင်ခန်း၀ကို နှစ်လှမ်း ပြန်လျှောက်သွားလိုက်တယ်..

ပြီးတော့ သူက ရယ်လိုက်ပြီး ထုံထုံ့ကို အောက်ချပေးတယ် "စတာပါကွာ"

ထုံထုံ အသက်ပြင်းပြင်းရှူရင်း အံကြိတ်လိုက်တယ် "ရီးပဲ! ငါ့*င်ကြီးကို စနေလိုက်!မင်း မနက်က ဆားတွေချည်း လှိမ့်စားလာတာ ဖြစ်ရမယ်! အားးးး! ခွေးကောင်! မင်း ဘောတွေ ညပ်နေတာလား!"

"ဝါးးး မင်းလည်း ဆဲတတ်တာလား?" ကျိုးရိုက အံ့ဩသွားသလို ပြန်ပြောလိုက်တယ်...

ထုံထုံက သူ့ကို လျစ်လျူရှုလိုက်ပြီး သူ့ဘာသာ ဟောဟဲလိုက်နေတယ်၊ လက်တွေတောင် တုန်တယ်၊ သူက ခြေထောက်နာတာ သည်းခံရင်း တရွေ့ရွေ့နဲ့ အိမ်သာခန်းဆီ သွားတယ်..

ထိုင်ခုံဖော်ရေ.. ကျေးဇူးပြုပြီး နိုးထပါတော့!Where stories live. Discover now