ပိုစတာများ
စုန့်ယင်းရှီနှင့် ကျိုးလီတို့က သူတို့ အလုပ်က ပြန်လာသည့်အချိန်တိုင်း ခွဲထွက်သွားတတ်ကြသည့် ရပ်ကွက်ထဲက လမ်းဆုံလမ်းခွနေရာမှာ တွေ့ကြဖို့ သဘောတူထားကြသည်။
ခွေးကို လက်ဆောင်ပေးရာမှာ ကျိုးလီက နေ့လည်ခင်းကတည်းက စုန့်ယင်းရှီထံ ဝီချက်ကနေတဆင့် သူမကို ပေးဖို့ရွေးချယ်လိုက်ရသည့် အကြောင်းပြချက်ကို ပြောပြထားပြီးသားဖြစ်ကာ သူမမှလွဲ၍ သူသိသည့် ဘယ်သူကိုမဆို လုံးဝကြီး စိတ်ချ၍မရတာကြောင့် ဟက်စကီးလေးကို မွေးစားဖို့ မျှော်လင့်မိကြောင်း ပြောထားခဲ့သည်။
စုန်းယင်းရှီက အံ့ဩပျော်ရွှင်စွာဖြင့် သူ့တောင်းဆိုမှုကို တုံ့ဆိုင်းခြင်းမရှိ သဘောတူခဲ့ပေမဲ့၊ သူမ မမျှော်လင့်ထားမိတာက သူတို့မတွေ့တာ တစ်ရက်ပဲ ကြာသေးသည့်အချိန်၌ ကျိုးလီ၏ပုံစံက ဒီလိုဖြစ်လာလိမ့်မည်ဟုပင်။ သူ့နှုတ်ခမ်းနှင့် မျက်လုံး ထောင့်စွန်းတွေမှာ ဒဏ်တွေနှင့်အလှဆင်ထားလေပြီး ထိုဒဏ်ရာတွေက အရိုက်ခံထားရတာဖြစ်ကြောင်း သိသိသာသာကို ပေါ်လွင်နေပေသည်။
သူ ဘာလို့ ခွေးကလေးကို အဝေး ပို့ပစ်ဖို့ အလျင်လိုနေတာလဲ ဆိုတာကို သူမနောက်ဆုံးတော့ နားလည်သွားပြီဖြစ်သည်။ သူမက မျက်ခုံးတွေစုကြုံ့ကာ မေးလိုက်သည်။
"နင့်အဖေ ရိုက်တာလား?"
ကျိုးလီက ကူကယ်ရာမဲ့စွာ ခေါင်းညိတ်လိုက်သည်။
စုန့်ယင်းရှီ ဒေါသကြောင့် ပါးဖောင်းသွားခကာ တည့်တိုးဆန်သည့် မှတ်ချက်ချသည်။
"နင် ဒီလို ဆက်သွားလို့မရဘူး။ နင့်အဖေဖြစ်နေရင်တောင် အမြဲတမ်း ရိုက်နေလို့မရဘူးလေဟာ၊ နင်အဖြေရှာဖို့လိုတယ်။ ဒါလည်း အလုပ်မဖြစ်ရင် နင်အဲ့ဒီကနေ ထွက်သွားလိုက်သင့်တယ်"
သူမက ဒီစကားပြောနေရင်းဖြင့် အကြံတစ်ခုရသွားပုံရသည်။ သူမက မျက်လုံးပင့်ကြည့်လာပြီး၊
"နင့်မှာ အိမ်ငှားဖို့ ပိုက်ဆံမရှိဘူးဆိုရင် ငါ့အိမ်မှာ နေလို့ရတယ်လေ။ ပိတ်ရက်တွေပြီးရင် အဖွားနဲ့ငါက ပြန်သွားမှာ ဆိုတော့ အိမ်မှာ ဘယ်သူမှ ရှိတော့မှာ မဟုတ်ဘူး။
YOU ARE READING
ဟက်စကီးကောင်၏ဘေး၌ ရှင်သန်ရသောနေ့ရက်များ(ဘာသာပြန်)
Romanceစာရေးသူ : ယီးရှစ်ဟွားချန် အမျိုးအစား : Comedy Romance School Life Shounen Ai Supernatural