Unicode
I have fallen in love with my spouse!
Chapter.2
သူမတို့အိမ်တက်နေ့မှာ ကိုကြီးလိုက်လာမယ်ထင်ပြီးသူမအတတ်နိုင်ဆုံးအလှတွေပြင်ထားပေမယ့် ကိုကြီးကပါမလာခဲ့ပေ။
အသည်းမှာဝမ်းနည်းလိုက်တာမပြောပါနဲ့တော့။
''သမီးကတစ်ကယ့်ချစ်မွှေးလေးနော် အန်တီကြည့်ရင်းနဲ့ကိုချစ်လာတော့တာ''
ကိုကြီးကသာသူမကိုဘယ်တုန်းကမှအဖက်မလုပ်ခဲ့ပေမယ့် အန်တီအေးငြိမ်းကတော့ဖြင့်သူမကိုသမီး သမီးနဲ့ပါးစပ်ကမချ။
သူ့အိမ်ကိုလည်းဝင်ပါထွက်ပါဆိုပြီးပြောလာ၍ အသည်းမျောက်အုန်းသီးရသလိုပျော်လိုက်ရတာဆိုတာ။
အဲဒီ့နောက်ပိုင်းကစလို့ အသည်းဆိုတာကိုကြီးအမေရဲ့အချစ်ကလေးဖြစ်လာပြီး ကိုကြီးရဲ့အိမ်ကိုပါကိုယ့်အိမ်ကိုယ့်ယာလိုသဘောထားပြီးဝင်ထွက်သွားလာခွင့်ရခဲ့လေ၏။
''သားရယ်...အသည်းနဲ့သားကတစ်ကျောင်းတည်းပဲကို ကိုယ့်ညီမလေးကိုသားရဲ့ကားနဲ့တစ်ခါတည်းခေါ်သွားတော့ဘာဖြစ်မှာမို့လို့လဲ မလိုချင်ဘူး မနက်ဖြန်ကစပြီးညီမလေးကိုသားနဲ့အတူကျောင်းကိုခေါ်သွား''
အသည်းညနေကျောင်းဆင်းလို့ ကိုကြီးတို့အိမ်ကိုရောက်လာစဥ် အိမ်ထဲဝင်ဝင်ချင်းမှာပဲကြားလိုက်ရတဲ့အသံကြောင့် အသည်းအကွယ်နေရာမှာအမြန်ရပ်လိုက်လေသည်။
''မခေါ်ချင်ပါဘူးဆိုနေမှ အဲ့ရုပ်ဆိုးမကိုကျွန်တော့်ကားပေါ်တင်စရာလား သူနဲ့ပတ်ကိုမပတ်သက်ချင်ပါဘူးဆိုကားပေါ်လာတင်ခိုင်းနေသေးတယ်''
''မင်းသူများသားသမီးကိုဘယ်လိုပြောလိုက်တာလဲ''
''မဟုတ်လို့လား ဘယ်နားများလှနေလို့လဲ မဝတ်တတ်မစားတတ်မပြင်တတ်မဆင်တတ်နဲ့ မျက်နှာကဆိုအမြဲမဲသဲလို့ လူကလည်းဖရိုဖရဲနဲ့ ဒါလားတက္ကသိုလ်ကျောင်းသူ''
ကိုကြီးစကားတွေကိုအသည်းဆက်ပြီးနားထောင်နိုင်စွမ်းမရှိတော့၍ နေရာနေထွက်ပြေးလာခဲ့လိုက်တော့သည်။
အိမ်ပြန်ရောက်သည်နှင့်အခန်းထဲကိုသာတန်းတန်းမတ်မတ်ဝင်လာပြီး အခန်းထဲရောက်သည်နှင့်အိပ်ရာပေါ်ပစ်လှဲကာခေါင်းအုံးမှာမျက်နှာအပ်၍ငိုပစ်လိုက်တော့၏။
YOU ARE READING
တည်တံ့ရဲ့အသည်း[Completed]
Romansaအပိုင်းအားလုံးနီးပါးမှောင်ပြီး warningတွေများမှာမို့ အမှောင်မကြိုက်သူများ အသက်မပြည့်သေးဘူးများကျော်သွားကြပါရှင့်