chapter 149

78 7 0
                                    

Chapter 149
Chapter 149October 19, 2023
(အစားအသောက်သမားတွေရဲ့ကမ္ဘာက ကြောက်စရာကောင်းတယ်)

ကန့်သတ်ချက်များနှင့် ပတ်သက်၍ လင်းယောင်ယောင် သည် ဤမသိကျွမ်းသော ဟွမ်ဟိုင်ဂြိုလ်ပေါ်တွင် 100% ဘေးကင်းရန် မလိုအပ်သောကြောင့် မက်ခါမှ မထွက်နိုင်ပေ။လေထုမှာတောင် အဖျက်စွမ်းအင်တွေ ရှိနေသဖြင့် လင်းရွှမ် က သူမကို မတော်တဆမှုမျိုး မဖြစ်စေချင်ပေ။သူ့စေတနာကို ခံစားမိ၍ သူမ နှလုံးသားသည် ပျားရည်သောက်လိုက်သကဲ့သို့ ချိုမြိန်သွားရသည်။ ထို့နောက် သူမသည် အချိုပွဲကို အစ်ကို လုလင်းထံ ထားခဲ့ကာ လေယာဉ်မှူးအခန်းသို့ သွား၍ ဗိုလ်မှူး လီနန်အား အကြောင်းကြားခဲ့သည်။

ထို့နောက် သူမအခန်းထဲသို့ ပြန်သွားပြီး 012 ကို သူမနှင့်အတူ ခေါ်လာခဲ့သည်။ 168အတွက် အချိုပွဲများကို သေတ္တာကြီးထဲမှာထည့်၍ အာကာသခလုတ်ထဲမှာ ထည့်ယူလာခဲ့၏။သူမ လေယာဉ်မှူးခန်းထဲသို့ ရောက်သောအခါတွင် ဗိုလ်မှူး လီနန် စောင့်ဆိုင်းနေပြီဖြစ်သည်။ သူက ခါတိုင်းလိုပင် အေးစက်ပြီး လေးနက်သည့် အမူအရာရှိနေ၏။သူ့ကိုကြည့်ရင်း လင်းရွှမ်ကိုပင် သတိရသွားရသည်။သို့သော်၊လင်းရွှမ်သည် လီနန်ထက်ပင် ပို၍လေးနက်သော အမူအရာမျိုးရှိ၏။

သူမ ပြုံးပြီး နှုတ်ဆက်လိုက်သည်။

"ဗိုလ်မှူးလီကို ဒုက္ခပေးမိပြီ"

လီနန်သည် ခပ်သေးသေးနှင့် ချောမောလှပသော မိန်းကလေးကို လေးလေးနက်နက် ဂရုတစိုက်ကြည့်မိသည်။  ယခုလိုကြည့်မိခြင်းက မက်ခါမပါဘဲ  အနီးစပ်ဆုံး ကြည့်မိခြင်းဖြစ်သည်။ အကယ်၍သာ ယခင်ကဆိုလျှင်၊ သူမအတွက် အကျိုးမဲ့စေမည့် သူမ၏ အပြုအမူကို ရပ်တန့်ပစ်မည်မှာ သေချာသည်။ 

အားနည်းသည့် အရန်ကုထုံးပညာရှင် ကလေးမလေးက ကြောက်စရာကောင်းတဲ့ ဇာ့ခ်ဘုရင်မကို အစာကျွေးဖို့ သွားမှာ ဟုတ်လား…

သို့သော် ဤအားနည်းသော အရန်ကုထုံးပညာရှင်သည် အစွမ်းထက်သော တိုက်ခိုက်ရေးသမားလည်း ဖြစ်သည်။  သူမသည် လုံးဝ ကြောက်မက်ဖွယ်ကောင်းသော ဇာ့ခ်ဘုရင်မ ကိုပင် brainwashလုပ်နိုင်ခဲ့သည်။ ထောင်ပေါင်းများစွာသော တိုက်ခိုက်ရေးသမားများ မတတ်နိုင်သည့် အရာများကို သူမ လုပ်ဆောင်နိုင်ခဲ့သည်။ သူမသည် အလွန်ပင် ဟန်မဆောင်တတ်ဘဲ ရိုးသားသလို အရင်တုုန်းက သူထင်ခဲ့သည့် ကောက်ကျစ်သောအကြံများရှိနေ၍ ခေါင်းမာသူလည်း လုံးဝမဟုတ်ပေ။

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးWhere stories live. Discover now