" The call from the ancient temple "
အခန်း ( ၆ )
" သား သတိရလာပြီး သား သတိရလာပြီး ဖေကြီးရေ "
မိခင်ဖြစ်သူ ဒေါ်မိုးစက်မေ၏ အော်ပြောသံက ခါတိုင်းလေးထက်ကို ပိုကျယ်နေမည်ဆိုတာ မိုးသစ်နေတစ်ယောက် သိနေလေတော့သည်။
" သား နေလို့ကောင်းရဲ့လား "
" ကောင်းပါတယ် ဖေဖေ "
" အမေ့သားလေး သတိမေ့နေတာ သုံးရက်တောင်ရှိနေပြီးသားရဲ့ ကံကောင်းထောက်မလို့ ဘုရားရဲ့ကျေးဇူးတော်ကြောင့် သားလေးနေပြန်ကောင်းလာတာ "
" သားသတိမေ့နေတာ သုံးရက်တောင်ရှိပြီးဟုတ်လား မေမေ "
" ဟုတ်တယ်သားရယ် မေမေဖြင့် စိတ်ပူလိုက်ရတာ "
မိုးသစ်နေတစ်ယောက် သူ့ကိုယ်သူ အံ့သြသွားလေတော့သည်။ ဟုတ်တယ်လေ သူသတိမေ့နေတာ သုံးရက်တဲ့။ တစ်ခုထူးဆန်းနေတာက သူမှာ အခုဘဲ သတိပြန်ရတယ်ဆိုပေမဲ့ အားအင်ချိနဲ့နေတာမျိုး မရှိဘဲ လန်းဆန်းနေလေတော့သည်။ နောက်ပြီးတော့ သူအိပ်မက်လိုလို ဘာလိုလိုနဲ့ မြင်မက်နေခဲ့ရတာတွေကိုလည်း သူအားလုံးနားလည်နေပါပြီး။
" မေကြီးကလည်းကွာ သားကိုဘာတွေပြောနေတာလဲ သားကအခုမှ နေကောင်းခါစရှိသေးတယ် "
" ရပါတယ် ဖေဖေနဲ့မေမေ သားဘာမှမဖြစ်တော့ပါဘူး သားကျန်းမာနေပါပြီး "
" သားရယ် ခုပဲ သတိရလာတာ သားကဘယ်လိုကျန်းမာမှာလဲ "
" မေမေ သားတို့က နေမကောင်းဖြစ်တက်လို့လား ပြီးတော့ သားတို့က ထာဝရအသက်ရှိတဲ့လူမျိုးတွေပဲလေ "
" သား ဘာတွေပြောနေတာလဲ "
ဒေါ်မိုးစက်မေတစ်ယောက် သားဖြစ်သူ မိုးသစ်နေစကားကြောင့် လန့်ဖျန့်သွားလေတော့သည်။
" သား ဘာတွေပြောနေတာလဲ မေမေတော့ နားမလည်တော့ဘူး "
YOU ARE READING
The call from the ancient temple
Fantasyသွေးသောက်လူသားတွေရဲ့ အကြောင်းကို စိတ်ကူးယဉ်ဆန်ဆန်ရေးဖွဲ့ထားသော Boy Love story တစ်ပုဒ်ဖြစ်ပါသည်။