Part 1

9.7K 37 0
                                    

U.

"ပေါက်စ"

"ဗျာ၊ မာမီ"

"မေ့မေ့နားလာပါအုံးသားလေးရဲ့"

"ဟုကဲ့မေမေ"

ပေါက်စ မေ့မေ့အနားသို့သွားလိုက်သည်၊ မေမေကပေါက်စရဲ့ပါးလေးကိုညစ်ကာ

"သားလေး မင်းအဖွားနေမကောင်းဖူးတဲ့ကွယ်၊ မေမေကလဲအလုပ်အရမ်းများတော့သားဖွားဖွားကိုအနားသွားပြီးမပြုစုနိုင်ဘူးလေ သားလေးကကျောင်းလဲပြီးသွားပြီဆိုတော့သားဖွားဖွားစီခေတ္တခနလောက်သွားနေလိုက်ပါလားကွယ်"

ပေါက်စမျက်နှာလေးရှုံ့လိုက်သည်၊ ဖွားဖွားစီကိုမသွားချင်လို့တော့မဟုတ် ဖွားဖွားနေသောတောကြီးကိုသာမသွားချင်တာပင် အသက်16နှစ်လောက်တုန်းကရောက်ဘူးသည် ဖုန်းလိုင်းလဲမမိ အရမ်းကိုခေါင်ပါးသောရွှာလေးပင် ကားမပြောနှင့်စက်ဘီးဆိုင်ကယ်တောင်မရှိ ရွာကမြို့နှင့်အလှမ်းဝေးတာကြောင့် ပိုက်ဆံရှိကြလျှင်တောင် လှည်းများကိုသာအသုံးပြုကြတော့သည်၊ ကျန်တာတွေကဘာမှမဖြစ်ဖုန်းလိုင်မမိတာကတော့ ဖုန်းနှင့်လင်မယားဖြစ်နေသောပေါက်စအတွက်အရမ်းကိုအဆင်မပြေပေ။

သားဖြစ်သူကိုအကဲခက်ကာမသွားချင်မှန်းဒေါ်မေသူရိပ်မိပါသည်။

"သားမသွားချင်တာမာမီသိပါတယ်ကွယ်၊ ဒါပေမယ့်သားအသိပဲဟာ ဖွားဖွားကသားကိုသူ့စီလာစေချင်နေတာ၊ တောရွာလေးကအေးချမ်းပါတယ်သားသားရယ် ဟောရွာမဝင်ခင်ရွာလမ်းတစ်လျှောက်စပါးပင်စိမ်းစိမ်းလေးတွေ ဒို့မြို့နဲ့မတူပဲရိုးသားကြိုးစားတဲ့ရွာသူရွာသားလေးတွေနဲ့ဘယ်လောက်တောင်အေးချမ်းလိုက်လေမလဲ"

"ဟွန့်မာမီကလဲ ဖုန်းလိုင်းမှမမိတာကို"

"အထွန့်မတတ်ပါတော့နဲ့သားရယ် တစ်ခါတစ်လေလေးဖုန်းမသုံးရတာပဲဒီကတင်ဂိမ်းတွေဇာတ်ကားတွေဒေါင်းထားပြီးဟိုကြမှကြည့်ပေါ့"

"မာမီကလဲဗျာ ဟိုမှာအားသွင်းစရာမှမရှိတာ"

"အေ ဟုသားပဲ၊ ဘာပဲဖြစ်ဖြစ်ပါလေ အခုညတင်အင်္ကျီတွေနဲ့လိုအပ်တဲ့ပစ္စည်းတတွေထည့်ထားတော့မနက်ဖြန်မင်းကိုမာမီရွာကိုလိုက်ပို့မယ်"

လူကြမ်းကြီးတွေအားအပိုင်သိမ်းပြစ်မည် (Complete in Paid )Where stories live. Discover now