Fot သည် ယခင်က တတ်ခဲ့သော ကျောင်းရှေ့တွင် ရောက်နေသည်။
သူပြန်လာသည်နှင့် တိုက်ဆိုင်စွာပင် ကျောင်းတွင် ကျောင်းသားဟောင်း ဆရာကန်တော့ပဲ ရှိနေသည်။ သူ့ကိုလည်း ဖိတ်သောကြောင့် သူထွက်လာခဲ့ခြင်းဖြစ်သည်။ သူသည်လည်း ဒီကို မရောက်တာ ကြာခဲ့ပြီဖြစ်သည်။
သူသည် မရောက်တာ တော်တော်ကြာပြီဖြစ်တဲ့ ကျောင်းကြီးကို မြင်တော့ ကျောင်းတတ်စဉ် ဘဝကို ပြန်သတိရမိသည်။
"ဟမ် Fot Fot မဟုတ်လား"
Fotသည် သူ၏နာမည်ခေါ်သံကို ကြားသောအခါ နောက်လှည့်ကြည့်လိုက်သည်။ သူနှင့် တစ်ခန်းထဲ အတူတူတတ်ခဲ့ပြီး ဘောလုံးတစ်သင်းတည်း ကန်ခဲ့သည့် ကောင်တွေဖြစ်နေသည်။ သူတို့လည်း သူတိုဟန်နှင့် သူတို့ ကြီးပြင်လာကြပြီး ရင့်ကျက်သည့် ပုံပေါ်နေကြသည်။
သူသည် ခေါင်းငြိမ့်ကာ ပြုံးပြလိုက်သည်။
"ဟုတ်တယ် ငါပါ...."
"ဝါး ဟေ့ကောင်ရ မင်းငါ့တို့ကို ဘာမှ မပြောပဲ ထွက်သွားတာလေ မင်းတော်တော်နေနိုင်တဲ့ကောင်ပဲ"
Fotသည် ထို စကားများကို ကြားသောအခါ ရယ်သာပြလိုက်ပြီး ဘာမှ မတုံပြန်လိုက်ပါ။
ကြည့်ရတာ သူအရင်ကထက်တော့ အများကြီး တည်ငြိမ် ရင့်ကျက်လာခဲ့ပြီထင်ပါသည်။
"အင်း မင်းတို့ရော အဆင်ပြေရဲ့လား"
"ဒီလိုပါပဲကွာ ပျော်ရင်းပါးရင် ရုန်းရင်းကန်ရင်းပေါ့..."
"လာ ဝင်ကြရအောင်... ဒါနဲ့ Gem ရော မင်းနဲ့ အတူမလာဘူးလား"
Fotသည် ဒီတစ်ခါလဲ ထို အမေးကို မတုံပြန်လိုက်နိုင်ပါ။
"လာ သွားကြရအောင် ပွဲစတော့မယ်ထင်တယ်"
သူတို့သည် ကျောင်းခန်းမထဲ ဝင်လာသည့်အချိန်တွင် ခန်းမတွင်းတွင် ကျောင်းသားတော်တော်များများ ရောက်နေကြပြီ။
"အာ Gem က အရင်ရောက်နေတာပဲကွ... ဘေးမှာလည်း May နဲ့ကွ... သူတို့ အခုထိ တွဲနေကြတုန်းထင်တယ်"
ထိုစကားတွေကို ကြားသည့်အခါ သူသည် Gemကို ရှာကြည့်လိုက်မိသည်။