အေးစက်စက်ဆောင်းလေတစ်ချက်အဝှေ့မှာ ကျွန်တော့ရင်ခွင်ထဲခေါင်းမှီနေတဲ့သူ့ကိုယ်လေးတစ်ချက်တွန့်သွားကာ အပေါ်ခြုံထည်လေးကိုတင်းတင်းဆွဲပတ်လိုက်ရင်း
'ကိုယ့်ဇာတိမဟုတ်လို့ထင်ပါရဲ့ နေတာဘယ်လောက်ကြာကြာ ပြင်ဦးလွင်ဆောင်းကိုခုထိကြောက်နေတုန်းပဲ '
'မောင်ကလုံနေအောင်ဖက်ထားပေးမှာပေါ့ ရှိန်းရဲ့'
ကျွန်တော့်စကားကြောင့် ရင်ခွင်ထဲက ရှိန်းက မျက်လွှာလေးပင့်ကြည့်လာကာ ရီပြုံးပြုံးလေးဖြင့်'နှစ်တိုင်းလဲဒီစကားပဲပြောနေတာ မငြီးငွေ့ဘူးလား'
'ဟောဗျာ...နှစ်တိုင်းပြောလဲ ပြောတိုင်းရှက်သွေးဖြာရတာ ဘယ်သူလေးပါလိမ့်'
'မသိဘူး မောင်ရာ...'
အရှက်သည်းတဲ့မြေပြန့်သားလေးမှာရင်ခွင်ထဲခေါင်းတိုးဝင်ပြီး မျက်နှာလှလှလေးဖွက်ထားနေလေရဲ့...
'ရှိန်း....ရှေ့ကချယ်ရီပင်ကြီးကိုမှတ်မိလား'
ရင်ခွင်ထဲကအသည်းဆိုင်လေးမှ ပြုံးတုံ့တုံ့လေးနဲ့
'မောင်နဲ့ရှိန်းတို့ဖူးစာစဆုံခဲ့တဲ့နေရာလေ...'
ပြောရင်းနဲ့ချယ်ရီပင်ကြီးဆီလှမ်းကြည့်လိုက်တော့ ချစ်ရသူရဲ့စင်ရော်တောင်မျက်ခုံးလေးနှစ်ခုက တွန့်သွားလေသည် လှပစွာဝေစာပွင့်ဖူးနေတဲ့ချယ်ရီပင်ကြီးရဲ့အကိုင်းလှလှလေးများကို ခရီးသွားဟန်တူတဲ့မိန်းမငယ်လေးတစ်စုက ချိုးယူကာဓာတ်ပုံရိုက်သူကရိုက် ပန်သူကပန်နှင့်.....
ချယ်ရီဆိုသောပန်းများမှာ မိခင်ဖြစ်သောချယ်ရီပင်ကြီးနှင့်ခွဲခွာရသည်နှင့် တစ်ခနအကြာညိုးနွမ်းလွယ်လှသည်ကိုထိုမိန်းကလေးတို့သိကြဟန်မတူ....
ရှိန်းစိတ်ကိုထိုးဖောက်မြင်သည့်အလား မောင်မှ
'အင်း..အဲ့တုန်းက ရှိန်းလဲ အဲ့ဒီလိုလူဆိုးလေးလေ...'
လွန်ခဲ့တဲ့ခြောက်နှစ်တာကာလဆီသို့ ရှိန်းနဲ့မောင်နှစ်ဦးစလုံးအတွေးရေယာဥ်စီးမြောသွားကြသည်။
မနက်စောစော အင်္ကျီထူထူထဲထဲဝတ်ကာ စိုင်းမြတ်မောင်တစ်ယောက် မန္တလေးဆင်းရန်ပြင်ဆင်နေသည်။မနေ့ကရောက်တဲ့ အော်ဒါအချို့လိုက်ပို့ပေးဖို့မနက် 7နာရီလောက်ထဲက ပြင်ဦးလွင်ကဆင်းလာခဲ့သည်။
