Part 5 ( Zawgyi )

620 16 11
                                    

လက်ရှိအချိန်

မျက်နှာချင်းဆိုင်ထိုင်နေကြသောလူနှစ်ယောက်မှလား ဘယ်ကစပြောလို့ပြောရမလဲမသိဖြစ်နေကြ၏။အချုပ်ခန်းထဲကလွတ်ကာစစ်မေးခန်းတွင်သိဒ္ဓိနှင့်ဟန်သာ နှစ်ဦးတည်းသာရှိသည်။

"မင်းကိုဒီနေ့လွှတ်ပေးလိမ့်မယ်"

"ကျွန်တော်အိမ်ပြန်လို့ရပြီမှလား"

"ရတယ် ဒါမယ့်ဒီရက်တွေတော့အသွားအလာဂရုစိုက်ရမယ်"

ဟန်သာပြောတဲ့စကားကိုသိဒ္ဓိဟာ‌လက်ခံကြောင်းခေါင်းညိမ့်ပြသည်။

"ဒီမှာခနစောင့်ဦး"

"ဟုတ်ကဲ့"

ထိုလူထွက်သွားသည်နှင့်သိဒ္ဓိလည်းနေရထိုင်ရသက်သာသွားသလိုပင်။ဘာလို့မှန်းမသိထိုလူရဲ့အရှိန်အဝါကိုရှိန်သလို၊လေးစားသလိုတစ်မျိုးကြီးပေ။တစ်သက်နဲ့တစ်ကိုယ် ဟုတ်ကဲ့လို့ဖြေရတဲ့အထိဒီလူဟာလွှမ်းမိုးမှုကြီးသည်။သူ့ထက်အနည်းအငယ်သာပုသောအရပ်ရယ်၊ပါးပြင်နုနုလေးတွေဟာ ကြည့်တာနှင့်ကြောက်ဖို့မကောင်းပါသော်လည်း ရှေ့နေ့ဆိုသောအသိကြောင့်ရှိန်မိခြင်းဖြစ်သည်။

"cctvမှတ်တမ်းလည်းကြည့်ပြီးပြီဆိုတော့ ကျွန်တော်သူ့ကိုခေါ်သွားလို့ရပြီမှလား"

"ရပါပြီသခင်လေး"

စုံထောက်ရဲ့ပြာပြာသလဲအဖြေကြောင့်ဟန်သာလည်းအသိအမှတ်ပြုသလိုအင်းလို့ဖြေခဲ့ပြီးထွက်လာတော့သည်။

အရင်ရက်ကသူ့အစီအစဉ်တွေအတိုင်းသွားထားသည်မို့မီဒီယာမှာခေါင်ဉာဏ်ဖြေထားတဲ့သတင်းဟာလည်းဟိုးလင်းတကျော်ဖြစ်ခဲ့ပါသည်။ဝန်ခံတဲ့သူတွေကလည်းပို့စ်တင်ခဲ့သလို၊ချယ်ဆိုတဲ့မိန်းကလေးဟာလည်းliveလွှင့်ပြီးဖြေရှင်းခဲ့သည်။အခုကျန်ရှိသည်ကခနနေမီဒီယာမှာတက်လာမည့်cctvမှတ်တမ်းပင်။

"သွားရအောင် ငါလိုက်ပို့ပေးမယ်"

"ကျွန်တော်"

"လိုက်မှာလား"

အရှေ့ကထွက်သွားတဲ့သူဟာ သိဒ္ဓိရဲ့ပြန်စကားကိုမစောင့်ပဲသွားနေတော့သည်။သိဒ္ဓိလည်းဘာမှပြောမနေတော့ပဲလိုက်သွားရတော့သည်။

Mistakes that HurtWhere stories live. Discover now