အပိုင်း ၃၈၄
ဟန်ရှောင်လင်သည် ရန်သူတစ်စုအား ချေမှုန်းလိုက်ရင်း ချုံခိုတိုက်ခိုက်ရန် စီစဉ်ထားသော နေရာသို့ ယုံးဝူမင့်အား ဦးဆောင်ခေါ်သွားလိုက်၏။
ခုလေးတင် တိတ်တိတ်လေး လေ့လာကြည့်ရသလောက် သူသိလိုက်သည်မှာ ယုံးဝူမင့်၏ စွမ်းအားဟာ ယွိမင်နယ်စပ်တွင် ပထမဆုံးတိုက်ခိုက်ခဲ့စဉ်ကအတိုင်းများစွာကွာခြားမှုမရှိကြောင်းပင်။ သူကိုယ်တိုင်နှင့် အဆင့်တူလောက်သည်။ စိတ်ဝိညာဥ်ပါရမီထူးနယ်ပါယ်၏ သတ္တမလွှာ ဖြစ်ချေလောက်သည်။
မိစ္ဆာတို့၏ အလောင်းပုံအောက်တွင် ပုန်းကွယ်ကာ ချုံခိုတိုက်ခိုက်ရန် စောင့်ဆိုင်းနေသူတို့သည် လုပ်ကြံသတ်ဖြတ်ရာတွင် ကျွမ်းကျင်သော အဖွဲ့တစ်ဖွဲ့ဖြစ်၏။ ထို့အဖွဲ့အား လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က စုဆောင်းထားခဲ့ခြင်းဖြစ်သည်။ သူတို့၏ ကျင့်ကြံဆင့်က စိတ်ဝိညာဥ်ကြည်လင်နယ်ပါယ်၏ ပဥ္စမလွှာသာရှိပေမဲ့ သူတို့၏ ကျွမ်းကျင်စွာ လုပ်ကြံသတ်ဖြတ်နိုင်စွမ်းစွမ်းရည်မှာ တွေးမိတိုင်းပင် သူ့ကို အံ့ဩ မင်သက်မိစေပေသည်။
ဤအဖွဲ့သည် မုန့်ဝူယုံးမှ ပို့လိုက်သော အဖွဲ့ဖြစ်၏။ မူလကတော့ 'ယင်းယွဲ့ကော'ဟု အမည်တွင်သော လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့အစည်းမှ ဖြစ်သည်။ ထို့အဖွဲ့၏ ခေါင်းဆောင် ချောင်ယင်းယွဲ့ဟာ မုန့်ဝူယုံးကို မြင်မြင်ချင်း မေတ္တာသက်ဝင်သွားလေ၏။ အဆုံးမှာ အချစ်သေးသေးလေးကနေ ကြီးစွာသောအချစ်သို့ပြောင်းလဲသွားကာ ဟန်ရှောင်လင်နှင့် မုန့်ဝူယုံး၏ အချစ်ရေးကို နားလည်သဘောတူကာ ဟန်ရှောင်လင်၏ အမိန့်ကို လိုက်နာပြီး အလုပ်လုပ်ရန် ဆုံးဖြတ်လိုက်လေသည်။
ဟန်ရှောင်လင်၏ နှုတ်ခမ်းထောင့်များက မဖော်ပြနိုင်သော အပြုံးမျိုးဖြင့် မြောက်တက်သွား၏။
မုန့်ဝူယုံးနှင့် ပတ်သက်၍ သူဟာ စစ်မှန်မှုမရှိသော်ငြား မုန့်ဝူယုံးက ချောင်ယင်းယွဲ့၏ ရင်ခွင်မှာမှီကာ ယွဲ့ကောကော ဟု ခေါ်သောအမူအရာများကိုမြင်လျှင်တော့ သူ အတော်စိတ်အနှောင့်အယှက်ဖြစ်ရဆဲပင်။
STAI LEGGENDO
ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)
Storie d'amoreစာရေးသူ : ချင်းဟွားရန် အမျိုးအစား : Adventure, comedy, romance ,xuanhuan, psychological I own nothing.Just translating. Both unicode and zawgyi. #Not BL ပုံလေးက My treasure for you ဆီက လက်ဆောင်ရတာပါ။ vibeက novel နဲ့တစ်ထပ်တည်းနော်။ တအားတွေ သဘောကျ❤️