"ခင်ဗျားက အရမ်းကြောက်စရာကောင်းတယ်"သူ့အား နာနာကြည်းကြည်း ပြော၍ ထိုင်နေရာမှထထွက်သွားသော မက်သရူး၏ ကြောပြင်ကို ဟန်ဘင်းစိုက်ကြည့်နေမိသည်။ ကျလုဆဲ မျက်ရည်များအား မျက်တောင်တို့ကို ပုတ်ခတ်ပုတ်ခတ်လုပ်ခြင်းဖြင့် တားဆီးလိုက်သည်။ ဟန်ဘင်းမငိုချင်။ ဒါသူရွေးချယ်ခဲ့သည့်လမ်းပင်။
_______________________________
(၁)
သဲသဲမဲမဲရွာချနေသည့် မိုးသံတွေကြောင့်ပဲလား.. ဆူညံနေတဲ့ စိတ်ထဲကအတွေးတွေကြောင့်ပဲလား..ဆိုင်ထဲမှာဖွင့်ထားသည့် သီချင်းသံက ဟန်ဘင်း၏နားထဲတွင် ကြားတချက်မကြားတချက် ဖြစ်လို့နေ၏။ ဘေးနားတွင်ရှိနေသော ဂွန်းဝု၏အသံကလည်း နီးသွားလိုက် ဝေးသွားလိုက်နှင့်။
မတုန်မလှုပ်ထိုင်နေသော ဟန်ဘင်းကို ဂွန်းဝုက စိတ်မရှည်စွာဖြင့် ထအော်၏။
"ရား! ဆောင်းဟန်ဘင်း ငါပြောနေတာကြားရဲ့လား"
"ဟင်! မိုးသံတွေနဲ့ဆိုတော့ ငါသိပ်မကြားလိုက်လို့"
ပြောမိပြီးမှ သူတကယ်ပဲမကြားလိုက်တာလား ဒါမှမဟုတ်မကြားချင်တာများလားဟု ဟန်ဘင်းတစ်ယောက် ကိုယ့်ကိုယ်ကိုဝေခွဲမရဖြစ်နေမိသည်။
"မင်းရဲ့မက်သရူးကို ကောင်လေးတစ်ယောက်နဲ့ တွေ့လိုက်တယ်လို့ ပြောနေတာလေ"
သူမကြားချင်သည့်စကားကို အလိုက်ကန်းဆိုးမသိစွာနှင့် ဂွန်းဝုတစ်ယောက်ထပ်ပြောနေသည်ဟု ဟန်ဘင်းတွေးလိုက်မိပြီး ဘာပြန်ပြောရမှန်းမသိသောကြောင့် အပြင်ကိုသာ ငေးကြည့်နေလိုက်၏။
တည်ငြိမ်လွန်းနေသည့် သူ့အား ဂွန်းဝုက အားမလိုအားမရဖြစ်စွာနှင့် -
"မင်းဘာမှမဖြစ်ဘူးလား"
"ငါကဘာဖြစ်ရမှာလဲ..တနေ့ဒီလိုဖြစ်လာလိမ့်မယ်လို့ ငါကြိုတွေးထားပြီးသားပဲဟာ"
"ဘာ! မင်းကကြိုတွေးပြီးသားဟုတ်လား"
"အင်း....."
ဘာမှမဖြစ်တဲ့အတိုင်း ပြန်ဖြေနေပေမဲ့ ဟန်ဘင်းရင်ထဲမှာမွန်းကျပ်ပြီး ခေါင်းတွေရှုပ်ထွေးလို့နေလေသည်။
YOU ARE READING
ENDING (oneshot)
Fanfictionbinthew fanfic (oneshot) "ခင်ဗျားကအရမ်းကြောက်စရာကောင်းတယ်" (ဆော့မက်သရူး)