မရိုးရှင်းသောဆက်ဆံရေး

74 6 3
                                    

" ဟယ်လို ၊ ဒယ်ဒီ ။ သားသားအခုဘဲ မန်မန်စားလို့ပြီးတာ ။ သားသားရော အိုလီဗာရော နေကောင်းတယ် ဒယ်ဒီ ။ "

သမုဒ္ဒယသည် သားသားနှင့် ဗီဒီယိုကော ပြောနေခြင်းဖြစ်သည် ။ပီတိသည် သမုဒ္ဒယအား ဖုန်းကင်မရာမှတဆင့် သွားများပေါ်နေအောင် ပြုံးပြကာ လက်ထဲမှလဲ သူ၏ Rubik's cube ကိုမချချေ ။ Cube သည်ပင် သားသားလက်ထက်ပို၍ကြီးနေပေ၏ ။
သမုဒ္ဒယသည် ပီတိအား
ကိုယ့်ဘာသာ မန်မန်စားတတ်အောင် သင်ပေးထားသည်ဖြစ်၍ သားသား၏ နှုတ်ခမ်းများတဝိုက်တွင် အခြားသော ကလေးငယ်များကဲ့သို့ပေပွမနေပါ ၊
သိပ်အသန့်ကြိုက်သော မောင်ပီတိသည်လဲ မန်မန်စားလျှင် ပေပွနေသော သူငယ်ချင်းမျိုးဆို မပေါင်းပါ ၊ သမုဒ္ဒယသည်လဲ ရေ‌မချိုးရသေး၍ ပီတိအားသွားမဖက်လေနှင့် "ဒယ်ဒီ ၊ ဒတ်တီး ၊ ဂိုး ဂိုး ။ " ဟုဆိုကာ လက်များအားခါချပေလိမ့်မည် ။

သူနေကောင်းသည်ကိုပင်ပြော၍မကသေး ၊ သူ့ကောင်မလေးပါနေကောင်းကြောင်း ထည့်၍ပင် ပြောသွားသည်ဖြစ်ရာ ၊ သမုဒ္ဒယတစ်ယောက် အရယ်မရပ်တော့ချေ ၊ ပြစ်ဒဏ် ခံယူနေဆဲကာလဖြစ်၍ သားသားအား သွားမတွေ့နိုင်ချေ ၊ ထို့ကြောင့် ကလေးထိန်းသင်တန်းကျောင်းမှ သားသားဆရာမကို အကူညီတောင်း၍ ဆရာမဖုန်းမှတဆင့် ဗီဒီယိုကော ပြောနေခြင်းဖြစ်သည် ။
သားသားသည် လိမ္မာရေးခြားရှိသော ကလေးငယ်မို့ ၊ လွမ်းသည်ဟု ထုတ်မပြောခြင်းဖြစ်ပေသည် ။ တစ်ဦးတည်းရှိသော ဖခင်ဖြစ်၍ လူကြီးတစ်ဦးနှယ်
အလိုက်သိကာ သမုဒ္ဒယအားလဲ သိပ်ချစ်ရှာသည် ။

" သားသား တီချယ်နုက ဒယ်ဒီ့ကိုတိုင်တယ်နော် ၊ သားသား ဘာလုပ်ထားလဲ ၊ ဒယ်ဒီ့ကိုပြောရမယ်လေ ။ "

ဖုန်းမျက်နှာပြင်မှ သားသားသည် နှုတ်ခမ်းလေးဆူကာ လက်ထဲမှ cubeအားလဲ အောက်သို့ချသွားသည် ၊ သားသား သူအပြစ်ရှိလျှင် လုပ်တတ်သည့် အပြုအမူအတိုင်း ယခုတွင်လဲ လက်ဖဝါးနှစ်ဖက်ကို ပွတ်၍နေလေသည် ။ သမုဒ္ဒယသည် သားသား၏ ပျိုးထောင်ရာတွင် စိတ်ရှည်သော ဖခင်ဖြစ်သည် ၊ ပီတိသည် သူအမှားသူသိ၍ အတန်ငယ်ကြာသည်ထိ ပြောမထွက်ဘဲ ရှိနေသည်ကို စိတိရှည်ရှည်ဖြင့်သာ ထိုင်စောင့်ပေးသည် ။

မြို့တော်၀န်ရဲ့မျက်၀န်းပြာပြာWhere stories live. Discover now