အဲ့ဒါကြောင့် မိဘတွေဟာ သားသမီးယုံ စုံလုံးကန်း။သားသမီး ပြောသမျှ အဟုတ်ထင်ယုံ။သူများလျှောက်မေး လျှောက်ပြော လျှောက်ဖျန်ဖြေနေကြရင်း အရှက်တွေ ကွဲပြီးရင်း ကွဲနေကြတာ မသိကြ။
ဦးကိုက သူ့သမီး သူ့မျက်လုံးထဲ innocent လေးရယ်လို့ မြင်နေတာလည်း မမှား။ခု လုပ်နေပုံလေးပဲကြည့်ဦးလေ။
သူပဲ မအူမလည်လေးနှင့် ခံလိုက်ရတဲ့ပုံမျိုး။
'ရှင်း ဘယ်သူမှ ဘာမှလိုက်မပြောထားဘူး။တစ်ကယ်လည်း အဲ့ဒီနေ့က သူ့ မတွေ့ခဲ့ဖူး။သူသာ ရှင်းကိုတွေ့ခဲ့တာလေ။ပြောချင်တာ ရှင်းက သူ့နောက်ခိုင်းပြီးသွားတာ။
ဘယ်လို သူ့တွေ့တယ်ဆိုတာ ဟုတ်နိုင်ပါ့မလဲ ? မသီရိက ဘယ်ကကြားခဲ့လဲ သေချာမမေးခဲ့ဘူးလား ?သူက အဖိုးကြီးနဲ့ တွဲလာသတဲ့လား ? အဲ့ဒီနေ့ကတည်းက တွေ့လိုက်ရင် ဖေကြီးနဲ့ကိုကြီးကို ပြောပြပြီးနေပြီပေါ့။ဒီအတိုင်းနေမတဲ့လား ? သတင်းက ဒီလောက် အဆန်းကြီးပဲကို..
ဦးကိုတို့ မယုံရင် ခုပဲ ကိုကြီးလှမ်းမေးကြည့်လိုက်လေ။ကိုကြီးက ဆေးရုံမှာ။နောက်ပြီး ဦးကိုက ကိုကြီးမလိမ်တတ်တာတော့ သိတယ်မဟုတ်လား။
ဒါကြောင့် ဒီသတင်း ကိုကြီးသိပြီးနေရင် မသိယောင်တော့ ဟန်ဆောင်တတ်မှာ မဟုတ်ဘူး။အဲ မသီရိ သူ့လှမ်းပြောထားရင်တော့ မသိဘူးပေါ့။မသီရိက ဒီသတင်းမျိုးဆိုရင် phone ဖိုး အကုန်ခံပြီးတော့ကို ဝမ်းကွဲတွေနား အကုန်ရောက်အောင် ပြောပြတတ်တာ..ဖေကြီး! သတင်းကလည်း ရယ်စရာကြီးရယ်နော်။သင်းသိင်္ဂီက အဖေထက်အသက်ကြီးတဲ့ အဖိုးကြီးနဲ့တဲ့။ဟီဟိ
မသီရိတော့ ဒီသတင်းကြား တကယ် နေနိုင်မှာမဟုတ်ဘူး။ခုလောက်ဆို မိသင်း အဖိုးကြီးနဲ့ တွဲနေတယ်ဆိုတဲ့သတင်းက..ဟဟ nuclear ဗုံးထက် ပေါက်ကွဲအားပြင်းပြီး အမျိုးထဲပြန့်နေတော့မှာ..
ဦးကိုနဲ့ ဒေါ်မြင့်သဇင်တို့ ရဲ့ တစ်ဦးတည်းသော သမီးအလိမ္မာလေးက အဖိုးကြီးနဲ့ တွဲနေတယ်ဆိုတာ..
ဟပ်ဟပ် ကြားရတာယုံတောင် မယုံနိုင်ဘူး။ဟားဟား အဖိုးကြီး..´
'ဟဲ့ကောင်မစုတ် တော်စမ်း။တိတ်စမ်း။ငါ့သမီးလေး နားပိတ်ထား။ဒီကောင်မ ပြောနေတာတွေ နားထောင်မနေနဲ့။
ကောင်မ ညည်းကိုယ်ညည်း ဟုတ်လှပြီ လည်လှပြီ ထင်မနေနဲ့။ညည်းနဲ့ ဟိုလက်ဝှေ့ကောင် ဖြစ်နေကြတာလည်း ငါတို့သိတယ်။
ဒီအနီးနား ငါတို့ မျက်စိတွေ နားတွေ ဘယ်လောက်ပေါပါဘိသနဲ့။ညည်းကြည့်ကျက်နေ။အမျိုးထဲ ငါတို့မျက်နှာတွေ ဓားနဲ့လှီးဖို့ မကြိုးစားနဲ့။´
'ဟုတ်တယ် အမျိုးထဲ နင့်ကြောင့်ငါတို့ အရှက်ကွဲရင် နင့်ဒီလိုထားမယ် မထင်နဲ့..´
YOU ARE READING
ဝင်္ကပါထဲကအချစ် (MAZE)
خارق للطبيعةlove,fight,sex,run,lost,dark,hope,light,mist,find,jealous,hate,trust... Warning: အပိုင်း ၁၂ မှစ 🔞 ဖြစ်၍ ကလေးများ အသက်ပြည့်မှ ဖွင့်ဖတ်ရန်။