Chapter 157: Two Ways to Earn Spiritual Stones

553 91 1
                                    

Unicode

ချောင်ရှန်နှင့် လော့ယွီထင် အတူတူ လမ်းလျှောက်ခဲ့ကြသည်။ လော့ယွီထင်သည် ထိုင်ချလိုက်ပြီး ဒဏ်ရာရနေသော ခြေထောက်ပေါ် ဆေးမှုန့်အနည်းငယ်ကို ဖြူးကာ "ဒီလျှို့ဝှက်နယ်မြေက အန္တရာယ်များလွန်းတယ်" ဟု ပြင်းထန်စွာပြောသည်။

ချောင်ရှန်က ခေါင်းညိတ်ပြီး "ဟုတ်တယ်!"

ချောင်ရှန်သည် မူလက ဂုဏ်ယူဝံ့ကြွားပြီး အခွင့်အလမ်းကောင်းများကို ရှာဖွေလိုသည့် စိတ်ဖြင့် ဝင်လာခဲ့သည်။ သို့သော် ရလဒ်အနေနဲ့ သူဝင်လာပြီးသည်နှင့် သူ့နောက်ကို လိုက်နေသော တခြားဂိုဏ်းက ကျင့်ကြံသူတွေနဲ့ တွေ့ပြီး ခက်ခက်ခဲခဲ ထွက်ပြေးခဲ့ရလေသည်။

အဲဒီနောက်မှာတော့ ချောင်ရှန်ဟာ လော့ယွီထင်နဲ့ မတော်တဆ တွေ့ဆုံခဲ့ပြီး သူတို့နှစ်ယောက် အတူ ပူးပေါင်းခဲ့ကြသည်။ မူလက သူတို့သည် ဂူတစ်လုံးကိုတွေ့သောအခါတွင် အခွင့်အလမ်းတစ်ခုဟု ထင်မြင်ကြပြီး အလွန်ပျော်ရွှင်ခဲ့ကြသည်။ သို့သော် ကျားခေါင်းနှင့်မြွေနတ်ဆိုးကြီး ထွက်လာမည်ကို မည်သူက သိမည်နည်း။ ဤသို့ဖြင့် လော့ယွီထင်လည်း ဒဏ်ရာရရှိခဲ့လေသည်။

"စီနီယာအစ်ကို၊ ချန်လီဖုန်း ငှားထားတဲ့ အုတ်မြစ်ချကျင့်ကြံသူ တစ်ယောက်ဆီက ချန်ရွှိရဲ့ စိတ်ဝိညာဉ်ပုတီးစေ့က မတုံ့ပြန်တော့ဘူးလို့ ကြားတယ်။ သူတစ်ခုခုဖြစ်နေတာ သေချာတယ်" ချန်လီဖုန်းသည် ချန်ရွှိကို ကာကွယ်ရန်အတွက် အုတ်မြစ်ချအဆင့်ကျင့်ကြံသူ အနည်းငယ်ကို ငှားရမ်းခဲ့သည်။ အစောပိုင်းတုန်းက လော့ယွီထင်ဟာ သူတို့ထဲက တစ်ယောက်နှင့် တွေ့ဆုံခဲ့လေသည်။

ချန်ရွှိ တစ်ခုခုဖြစ်သွားနိုင်သည်ကိုတွေးပြီး လော့ယွီထင်က ဘာအမူအယာမှမပြသော်လည်း သူမအရမ်းပျော်နေပေ၏။ တကယ်တော့ ချန်ရွှိအား သွေးနတ်ဆိုးဂိုဏ်းက ပြန်ပေးဆွဲမှုသည် လော့ယွီထင်က ကြံစည်ခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ချန်လီဖုန်းသည် တုနှိုင်းမဲ့ဂိုဏ်းသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့ပြီး ချောင်ရှန်ကို စူးစမ်းလေ့လာခဲ့သည်။ လော့ယွီထင်သည် ထိုအကြောင်းကို သိရှိပြီးနောက်တွင် သူမသည် အလွန်ထိတ်လန့်သွားပြီး ဂိုဏ်းတွင်းရှိလူများက သူမအား သံသယရှိမည်ကို ကြောက်လာသည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းWhere stories live. Discover now