အပိုင်း1

1.5K 61 0
                                    

     “ဟေး  ဟေး ခေါ်နေတာမကြားဘူးလာ”

အလွမ်း စိတ်မရှည်စွာ ကောင်လေးရဲ့ ပုခုံးကို ပုတ်လိုက်သည်။ ထိုအခါမှ ကောင်လေးက သူ့ကို မော့ကြည့်လာသည်။ ဘာမှတော့ မပြောပေ။

“ငါက နယ်က တက်လာတာ ငါ့နမည်က လွမ်းသတ်တန့်ရောင်ခြည်”

“..........”

“မင်းနမည် ဘယ်လို ခေါ်လည်း ”

အလွမ်းပြောရင်း ကောင်းလေးရဲ့ ဘေး ဝင်ထိုင်လိုက်သည်။

“နေ့အလင်းရောင် ”

“ဟမ် မင်းနမည်က အဆန်းရီး ဟီး ”

အလွမ်းရီ မိတော့ ကောင်လေးက သူ့ကို ခပ်ဆူးဆူးတစ်ချက်ကြည့်လိုက်တာကြောင့် အလွမ်း ရုပ်ကို ချက်ချင်းတည်လိုက်ရသည်။

သူ့နမည်က မဆန်းတာကျလို့။ ဘာလည်း လွမ်းသတ်တန့်ရောင်ခြည်တဲ့

ဘာလည်းဟ။တောက တက်လာတော့ကော သူက လူမဟုတ်ဘူးလား။

“ငါက ရင်းနှီးချင်လို့စတာပါ ငါနဲ့ သူငယ်ချင်းလုပ်ပါလား ”

ဘယ်လိုကောင်မှန်းမသိ။ အလွမ်းပြောတာကိုတောင် ဂရုမစိုက်ဘူး။ အလွမ်း ဝမ်းနည်းသွားရသည်။ အလွမ်းက တောက တက်လာတာကြောင့် ဘယ်သူမှ အဖက်မလုပ်ချင်ကြဘူး ထင်ပါတယ်။

အခန်းထဲက လူတွေကလည်း သူတို့ကို ကွက်ကြည့်ကွက်ကြည့် လုပ်နေကြသည်။ ဘာလို့ကြည့်နေကြတာလည်။

သူမသိတာက နေ့အလင်းရောင် ထိုင်တဲ့ ခုံမှာ ဘယ်သူမှ သွားမထိုင်ရဲကြဘူး ဆိုတာ ဘဲ

“ကဲ စာမျက်နှာ 14 ကို လှန် အဲ့မှာ $@$$$$$$$$..….........”

အလွမ်း စာသင်ရင်း နေ့အလင်းရောင် ဆိုတဲ့ကောင်ကိုကြည့်လိုက်တော့ စာကိုသေချာ အာရုံစိုက်နေသည်။

ဘေးတစ်စောင်းက‌ေနကြည့်တော့ ချောသားဘဲ။ ဒီကောင် အတော်ရုပ်ဖြောင့်တဲ့ ကောင်လို့ အလွမ်း မှတ်ချက်ပေးမိသည်။ တောက ကွမ်းတောင်ကိုင် ပန်းတောင်ကိုင် မိချော လောက်နီးနီး ချောတာ ဟီး

စာသင်ချိန်ပြီးသွားတော့ အားလုံး ဆူဆူညံညံလုပ်ပြီး ထွက်သွားကြသည်။

မောင့် ရောင်ခြည်ငယ်(Ongoing)Where stories live. Discover now