မြို့သားဝမ်

93 12 0
                                    


လမ်းပန်းဆက်သွယ်ရေး ခက်ခဲစွာ လာခဲ့ပြီးနောက်မှာ  ကျေးငှက် မြည်တွန်းသံ သာသာနဲ့ ရွာလမ်း ဘေးရိုးတစ်လျှောက် တောပန်းတောခိုင် အပင်တို့ လှိုင်"ဝေပြီး ပေါက်ရောက်နေတာ သစ်ရိပ်ဝါးရိပ် ကောင်းပုံကို ကြည့်ရုံနဲ့ ဒီရွာ လေးက တော်"အေးချမ်းပြီး သာယာတယ်ဆိုတာ သိချက်ပေါ်လွင့်တဲ့ အချက်ပဲ တောင်တန်း‌တောင်ဆွယ်အသွယ်ကြားက ဒီလိုအေးချမ်းတဲ့ရွာလေးနာမည်က " ဟွားလဲန်" ကျေးရွာတဲ့
ဝမ်ရိပေါ် ဒီရွာလေးကို အခုမှရောက်ဖူးတာ ရောက်လာရတဲ့ အကြောင်းအရင်းကလည်း အတန်းဖော် သူငယ်ချင်းဖြစ်သူ ချန်းဝေ ကျောင်းပိတ်ရက် ရွာပြန်ခရီးမှာ သူက ဧည့်သည်လေးအဖြစ်နဲ့ လိုက်လာခဲ့ရုံ အစကတော့ သိပ့်ကြာ"နေဖြစ်မယ်လို့စိတ်ကူးမရှိခဲ့ဘူး တစ်ပတ်ဆယ်ရက်လောက်ပေါ့ အခုတော့ ဒီရွာရဲ့ အမွှေးဆုံးအလှဆုံး ပန်းကလေး " ရှောင်းဟွား " လို့ တင်စားရမယ့် သူ့ရဲ့ နှလုံးသားမှာ ချစ်ပန်းရနံ့လေးတွေ ထုံစေတဲ့ ရှောင်းကျန့် ဆိုတဲ့ ပန်းကလေး ကြောင့် ဒီရွာမှာတောင် အခြေချ ချင်မိတယ်

________

" ရိပေါ် မင်း ရှောင်းရှောင်းကို စိတ်ဝင်စားနေတယ် ဆိုတာတကယ်ရော ဟုတ်ရဲ့လားကွာ  မင်းအကြောင်းငါသိတယ်နော် "

" ဘာကိုလဲ ချန်းဝေ မင်းက ငါ့အကြောင်းဘာသိတာလဲ နောက်ပြီး ရှောင်းရှောင်းလို့ မခေါ်နဲ့ ရှောင်းကျန်လို့ ခေါ် "

" မခေါ်နိုင်ပါဘူး ငါတို့တရွာလုံးက ရှောင်းရှောင်းပဲ ခေါ်ကြတာ နှုတ်ကျိုးနေပြီ မင်းက ကောင်မလေးတွေဆို တက္ကသိုလ်မှာထဲက ထည်လဲတွဲနေတာ  ငါတို့ ရှောင်းရှောင်းက ယောကျာ်း‌လေးတစ်ယောက်  မင်းအပျော်အတွက်ဆို ရှောင်းရှောင်းကို မလုပ်ပါနဲ့ကွာ ငါကြားက မျက်နှာပျက်ရမယ် ရိပေါ်ရာ"

" ချန်းဝေ မင်းပြောချင်တာကို ငါနားလည်ပါတယ် ငါအရင်က တွဲခဲ့တယ်ဆိုတာလည်း လူငယ်သဘာဝ တကယ်အပျော်ရှာခဲ့တာပါကွာ အခု ရှောင်းကျန့်ကိုတော့ ငါတကယ် တစ်ခါမှမခံစားဘူးတဲ့ အချစ်စစ်နဲ့ ချစ်တာပါ ငါ့ကို ယုံပါကွာ "

"ဟင်း...မင်းဘက်က သေချာတယ်ဆိုတော့လည်း ဘာမှမပြောချင်တော့ပါဘူးကွာ မင်းအရမ်းတော့မလောနဲ့ ရှောင်းရှောင်းက လန့်နေပြီ  အိမ်ကိုတောင် ပြောင်းဖူးတွေ သူလာမပို့ဘဲ အားရီပဲလာပို့နေတာ "
:အဟက် ကိုယ့်သည်းပိစိလေးက ရှက်သွားတာပေါ့ :

You've reached the end of published parts.

⏰ Last updated: Oct 07 ⏰

Add this story to your Library to get notified about new parts!

မြို့သားဝမ်Where stories live. Discover now