[၂၉၉] ဟွေ့ရှောက်ရယ်။

1.6K 292 6
                                    

Arc(12) (၂၅)။

လင်ခုံးလု၏မှတ်ဉာဏ်အကုန်ပြန်ရလာသည်။ သူမနေ့ညကအရက်မူးတုန်းကသူ၏ဒုတိယအဆင့်အပြုအမူကိုတွေးမိသွားတော့သူရှက်လွန်းလို့ဦးရေပြားကျင်တက်လာသည်။

ဒါပေမဲ့သူရှက်လေလေ သူ့မျက်နှာမှာပိုတည်ငြိမ်လာလေဖြစ်ကာ သာမန်ကာလျှံကာဖြစ်ချင်ယောင်ဆောင်လျက်-
"ဟုတ်တယ်၊ ငါလက်ခံတယ်လေ။"

ရှန်စစ်မှာဒါကိုမြင်တော့သူ့နှလုံးသားနစ်မြုပ်သွားရကာနှုတ်ခမ်းစေ့ပြီးမေးလိုက်မိသည်။
"ဒါဆို....ထည့်တွက်သေးတယ်မလား။"

"ဒါပေါ့၊ ထည့်တွက်တယ်။" လင်ခုံးလုခေါင်းဆက်ငြိမ့်ကာဘာမှမဖြစ်ချင်ယောင်ဆောင်လိုက်သည်။

အမှန်တော့သူမနေ့ညကခေါင်းမော့ပြီးအနမ်းမျှော်နေပုံ၊ နောက်တော့အိပ်နေတုန်းတစ်ဖက်လူ၏လက်ချောင်းများကိုကိုင်လျက်လင်းနို့လေးအသွင်ပြောင်းသွားပုံကိုပြန်တွေးကြည့်မိတော့ သူအိပ်ရာခင်းကိုဆွဲဆုပ်ချင်စိတ်ကိုထိန်းလိုက်ရသည်။

ရှန်စစ်မှာသူ့ပုံစံကသူ့လိုမျိုးစိုးရိမ်ပူပင်မနေဘဲတည်ငြိမ်အေးဆေးနေတာမြင်လိုက်ရတော့သူ့နှလုံးသားအနည်းငယ်နစ်မြုပ်သွားရကာ သူခန့်မှန်းတာမှန်သည်ဟုခံစားလိုက်ရသည်။ တစ်ဖက်လူကအရက်မူးနေလို့သာမန်ကာလျှံကာလက်ခံခဲ့တာ။ သူအမူးပြေသွားပြီးနောက်မှာတော့အတည်မယူခဲ့ဘူး။

ဒါပေမဲ့အဲ့တော့ဘာဖြစ်လဲ။ ရှန်စစ်မျက်လွှာချလိုက်မိသည်။

သာမန်ကာလျှံကာသဘောတူမှုဆိုရင်တောင်သဘောတူမှုဖြစ်နေတုန်းပဲ၊ အခုသူတို့ကစုံတွဲဖြစ်သွားပြီ။ တစ်ဖက်လူကအတည်မယူပေမဲ့သူကတော့အလုပ်ကြိုးစားလုပ်ပြီးအကြာကြီးစောင့်နိုင်တယ်၊ သူတစ်ချိန်ကျရင်သူ့ကိုပြန်ချစ်လာမှာပါ။

အထူးသဖြင့်....သူလုံးဝကူကယ်ရာမမဲ့ပေ။ သူသနားစရာကောင်းချင်ယောင်ဆောင်နေသရွေ့ လင်းနို့လေးကသူ့အပေါ်ကြင်နာလိမ့်မယ်။

ဒီလိုတွေးကြည့်လိုက်ပြီးနောက် ရှန်စစ်မျက်လုံးများမှာတဖြည်းဖြည်းချင်းခိုင်မာပြတ်သားလာသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now