part-11

37 7 0
                                    

နွေရာသီလေတွေကပူနွေးတာသိပေမယ့် ဒီနေ့မှပိုပူနေသလိုပဲ ရင်ဘတ်ထဲမှာ မီးကင်ခံထားရသလို

ဘယ်လောက်ထိတောင်ချစ်မိနေတယ်ဆိုတာ

အပြောလေးနဲ့တင် ဒီလိုဖြစ်နေရတဲ့သူပါ

ခပ်သဲ့သဲ့သာပြုံးရင်း လက်ကြားထဲမှစီးကရက်ကိုနှုတ်ခမ်းဆီထပ်ပို့လိုက်သည်။

အတွေးတွေလည်းစီးကရက်ငွေ့တွေ‌နဲ့အတူပါသွားလိုပါသွားငြားးး

"ကောင်လေး.."
စွဲလမ်းရတဲ့အသံချိုချိုလေး‌လာရာဘက်သို့လှည့်ကြည့်လိုက်တော့

လရောင်အောက်မှာ နွေရာသီပန်းလေးတွေခြံရံထားတဲ့လမ်းလေးတိုင်း ကိုယ့်ဆီတည့်တည့်လျှောက်လာနေတဲ့သူက နတ်သားလေးတပါးအလား ပြန်ဖြေဖို့တောင်မေ့ပြီး စိုက်ကြည့်နေမိတာကလွဲဘာမှမလုပ်မိသည်အထိ

အနီးကပ်လာလေ မျက်နှာလှလှလေးကို‌မြင်ရလေ ပုံမှန်ဆင်မြန်းနေကြ အပြုံးပါးပါးလေးနဲ့
ပြောပါတယ် နတ်သားလေးပါဆို

မျက်နှာလေးကိုအသေးစိတ်ကအစကြည့်နေမိလို့ထင် ပြုံးနေရင်းကနေ ရုတ်တရက် မျက်နှာတည်သလိုဖြစ်ပြီး ကြုံ့သွားတဲ့မျက်ခုံးတွေ

ကျတော့်နတ်သားလေးဘာကိုအလိုမကျဖြစ်သွားတာပါလိမ့်

မဟုတ်မှ

"ကောင်လေး မင်းး"

"တောင်းပန်ပါတယ်အကို"ပြောရင်း မိမိအကြည့်တွေကိုအကို့ခြေရင်းထံပြောင်းလိုက်ရသည်။

အကိုက မင်းအကြည့်တွေကိုမကြိုက်ဘူးလို့ ပြောခဲ့တယ်မလားးး

ကိုယ်ချစ်ရတဲ့သူကကိုယ့်ကိုထပ်ငြိုငြင်သွားမှာမျိုးမလိုလားတာမလို့။

"ဘာဖြစ်သွားတာအဲ့တာက ငါတောင်ဘာမှမပြောရသေးဘူးလေ"
စိတ်အလိုမကျခြင်းများစွာပြည့်နေတဲ့အသံနဲ့ပြောလာတဲ့အကို့ကြောင့် ခေါင်းကိုပိုငုံ့မိသွားသည်ထင်။

"စိတ်မဆိုးပါနဲ့အကို ကျတော်နောက်မလုပ်တော့ပါဘူးးး"

"ကျစ်...ဆေးလိပ်သောက်တာကခန္ဓာကိုယ်အတွက်မကောင်းတာမသိတာလား"

Default Title - ရှင်သန်ခြင်းရပ်ဝန်းငယ်Where stories live. Discover now