DJသံများဖြင့်ဆူညံနေသော Night Club
ထဲမှ Barတွင်ထိုင်နေသော ပုခုံးလောက်ရှိ
သည့် ရွှေအိုရောင်ဆံနွယ်များနဲ့ မိန်းကလေး
တစ်ယောက် ကော့တေးသောက်ရင်းဖြင့်
မီးရောင်အောက်မှာကခုန်နေသော လူများကိုကြည့်နေသည်။သူမ ကော့တေးအား တစ်ငုံသောက်လိုက်ပြီး
ကျယ်လောင်သော Bassအသံက သူမရဲ့
ရင်ဘတ်ထဲတွင် စည်းချက်ကျကျ တုန်ခါနေ
သည်။ဆူညံနေသော အသံများကြားမှ မီးခြစ်သည့်
အသံသဲ့သဲ့သည် နားထဲမှပဲ့တင်ထပ်သွားပြီး
နောက် မီးခိုးငွေ့များက မျက်နှာအရှေ့နားတွင် ရစ်ဝဲလာသည်မို့ အာရုဏ်က ထိုအငွေ့လာရာ
ကိုရောက်ရှိသွားသည်။သူမဘေးတွင်ထိုင်နေသော အမျိုးသားသည်
အနက်ရောင် T - Shirt ကိုဝတ်ဆင်ထားပြီး
သူသည် စီးကရက်ကိုရှိုက်ကာ အငွေ့များကို
ရှုထုတ်လိုက်သည်။ဘေးကလူကို မသိမသာကြည့်လိုက်ပြီး
နည်းနည်းတော့ ဒီလူကိုစိတ်ဝင်စားသလို
ဖြစ်သွားသည်။ သူ့ရဲ့Jaw Line က တော်ရုံမဟုတ် အရမ်းကြည့်ကောင်းလောက်အောင် အချိုးအစားကျပြီး နောက်တစ်မျိုးဟာတော့
စီးကရက်သောက်နေသည့် သူ့ရဲ့ နှုတ်ခမ်းက အောက်နှုတ်ခမ်းထူထူနှင့် အပေါ်ဖက်ရဲ့ နှုတ်ခမ်းဟာ တောင်တန်းပမာ ကွေ့ညွှန့် (Heart Shaped Lips) နေသည်။သူမကြည့်နေတာကို ရိပ်မိသွားသည့် ထိုလူ
က သူမဖက်သို့ခေါင်းလှည့်ကာ အကြည့်ချင်း
ခနတာမျှဆုံသွားပြီးနောက် ထိုလူရဲ့ နူတ်ခမ်း
ထောင့်စွန်းဆီမှ (smirk) တစ်ချက်ပြုံးပြပြီးနောက် စီးကရက်ကို ပြန်ပြီးတစ်ဖန် နှုတ်ခမ်း
နားတေ့ကာ ရှိုက်လိုက်ပြီး အငွေ့များကို မှုတ်
ထုတ်လိုက်ပြန်သည်။Clubထဲက Music သံနဲ့ လူတွေရဲ့အသံတွေကဆူညံနေပေမယ့် ကမ္ဘာကြီးဟာ ခဏတာ
ရပ်တန့်သွားသလို အာရုဏ်တွေက ဘေးမှာ
ထိုင်နေတဲ့ ထိုအမျိုးသားဆီတွင်ရောက်ရှိနေ
ခဲ့သည်။သူ့ရဲ့နက်ရှိုင်းပြီး ဆွဲဆောင်မှုရှိတဲ့အကြည့်နှင့် စီးကရက်ကိုင်ထားသည့် ဖြူဖွေးပြီး သွယ်လျ
သော လက်ချောင်းများရဲ့ လှုပ်ရှားမှုတွေက
သံလိုက်ဓာတ်လို ဆွဲဆောင်နေသည်။
YOU ARE READING
Love The Way You Lie
Romance" lie to me again " : SHE WISPERED " i love you " : HE SAID