အခန်း ( ၁၃ )

179 23 3
                                    

Fot ဆိုင်ထဲဝင်သွားသည်ကို မျက်စိတစ်ဆုံးကြည့်ပြီးမှ Gemသည် ဆေးလိပ်ကို ထပ်ကာ ရှိုက်လိုက်သည်။

Fot ဆိုင်ထဲက ထွက်လာသည်ကို မြင်သောကြောင့် Gem သည်လည်း နောက်မှ ထွက်လိုက်လာခဲ့သည်။

မြင်လိုက်ရသည်က Fot သည် ဆေးလိပ်သောက်နေခဲ့သည်။

ဆေးလိပ်သောက်နေတာတဲ့....

သူတတယ် စိတ်တိုမိပါသည်။ သူမပါတဲ့ Fot ရဲ့ နေရက်တွေကို သူတကယ် လက်မခံချင်။

သူမမြင်ရတဲ့ သူသွားမရှာနိုင်တဲ့ နေရာမှာ Fot က ဘယ်လောက်တောင် ကြီးပြင်း ပြောင်းလဲသွားရတာလဲ... သူမသိခဲ့ရတဲ့ အကြောင်းအရာတွေ Fot မှာ ဘယ်လောက်တောင် များနေပြီလဲ...

ထိုသို့သော အကြောင်းအရာများစွာ ရှိသည်ကို သူ့ကို ဘာ့မှ ပြောစရာမရှိပါဘူးတဲ့......

သူ့ကို ဘာအကြောင်းပြချက်မျှ မပေးဘဲ ရုတ်တရက် အဆက်အသွယ်ဖြတ်သွားသည့် Fotသည် ထိုအကြောင်းအရာအကြောင်းကိုလဲ သူ့ကို ဖြေရှင်းပေးဖို့ရန် စိတ်မဝင်စားဘူးထင်ပါသည်။

Gemသည် မရယ်ချင်ပါဘဲနှင့် ခန္စာကိုယ်ကို သိမ့်ကာ ခြောက်ခြောက်ကပ်ကပ်ရယ်မိသည်။

Fot...... Fot..... သူကတော့ ဒီနှစ်တွေအတွင်း ဒီနာမည်တလုံးထဲကို ရေရွက်ပြီးနေခဲ့တာကို... မတရားလိုက်ပုံများ... နှလုံးသားက တဆစ်ဆစ်နာရပါသည်။

သူကတိပေးတယ်... အခုချိန်ကစပြီး Fot သည် သူမပါဘဲ နေ့ရက်တွေကို မဖြတ်သန်းစေရဘူး..... သူ့အကြောင်းကို မတွေးဘဲ မနေစေရဘူး

Gemသည် ဆေးလိပ်ကို ဖင်စီခံထိ ရောက်အောင် သောက်ပြီးနောက် မြေပေါ်သို့ ပစ်ချကာ ခြေထောက်ဖြင့် နင်းခြေလိုက်သည်။

..............................................

Gemသည် ဆိုင်ထဲကို ပြန်ဝင်လာခဲ့သည်။ Fotသည် တခြားသူများနှင့် အဖွဲ့ကျနေသည်။ ရယ်လို့ မောလို့....

ဟို အရင်ကျောင်းတတ်တုန်းက အတိုင်း သူတို့တွေ ပြန်ရင်းနှီးသွားကြပြီ ထင်သည်။

သူကိုပဲ... သူ့တစ်ယောက်ကိုပဲ မတူတော့တာ......

Gemသည် အရင်နေရာမှာ ပြန်ထိုင်လိုက်ပြီး အရက်ကို တမြေ့မြေ့ သောက်နေလိုက်သည်။

ANYMORE  (Gemfourth)Where stories live. Discover now