Part 6

2.4K 89 8
                                    

မဒီတို့ ခရီးရောက်ပြီး ရက်သိပ်မကြာသေးခင် မဒီ့အကို ဦးစိုးအောင်ရောက်လာသည်။
မဒီ့အကိုအရင်းဖြစ်ယုံသာမက မဒီ့တစ်ဦးတည်းသောဆွေမျိုးဖြစ်သည်။

"ကိုကိုကြီး လာမှာကြိုမပြောဘူးနော်"

"အေး ကိစ္စရှိလို့အမြန်ဆင်းလာတာ"

"ဘာကိစ္စလဲ ကိုကိုကြီးရဲ့"

"ငါ့မှာ နင်မွှေတဲ့ကိစ္စကလွဲရင် ဘာရှိသေးလို့လဲ မဒီ"

"ကိုကိုကြီးကလဲ..."

မိဘမဆုံးပါးခင်ကတည်းမှာ့ ဦးစိုးအောင်က ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေသူပင်။

ခနအကြာတွင် ခြူးကားဖြင့် ဝင်လာသည်ကုိတွေ့သည်နှင့် မဒီပြေးထွက်သွားသည်။

"မာမီ့ ကိုလွမ်းနေတာ"

ပြေးဖက်လိုက်သော ခြူးလက်တို့ကို ရပ်တန့်လိုက်ပြီး

"ဘေဘီ‌ အပေါ်ထပ်ကိုတန်းသွား
အိမ်မှာမာမီ့အကိုရောက်နေတယ်"

"မာမီကလဲ ဘာဖြစ်လို့ ကြောက်နေတာလဲ"

"မကြောက်ပါဘူးကွာ ဘေဘီနဲ့ဝေးရတာကလွဲရင် ကျန်တာဘာမှာ့မကြောက်ဘူး"

"ဟီးးးးး မာမီ့ရဲ့ အဲ့လိုချုပ်ကွက်တွေကြောင့်
ရုန်းမထွက်နိုင်တာ"

သွားလေးများပေါ်အောင်ပြုံးနေသော ခြူးကို ပါးလေးဖွဖွညှစ်ကာ

"ကဲ သွားတော့ ကိုယ့်အခန်းကိုယ်"

"သွားဘူးးး အာဘွားပေးမှာ့ သွားမှာ"

"ဘေဘီနော် ဆိုးမနေနဲ့လေ
ကိုကိုကြီးတွေ့သွားမယ်"

"မာမီ့အာဘွားမရသေးတော့ လမ်းလျောက်ဖို့အားမရှိလို့ပါမာမီရယ်"

မျက်နှာ‌ငယ်လေးနှင့်ကပ်ချွဲလာတော့ မဒီရုန်းထွက်လို့မရချေ။

ထိုအဖြစ်ပျက်များကို အပေါ်ထပ်ပြတင်းပေါက်မှာ့ စောင့်ကြည့်နေသော ဦးစိုးအောင်မှာအကုန်မြင်နေရသည်။
သက်ပြင်းတစ်ချက်ချမိသည်လား။
ရတီ့ကြောင့်ရူးမတက်ဖြစ်ရာမှာ့ ဦးစိုးအောင် မနည်း ပြုပြင်ထိန်းသိမ်းထားခဲ့ပြီး ယခုအခါတွင်လည်း မိန်းမချင်းချစ်ကြိုက်နေပြန်သည်။

Sugar Mommy Where stories live. Discover now