Part-4

874 75 16
                                    

မိန်းကလေးတစ်ယောက်ကို တန်ဖိုးထားပြီးယုယဖို့အတွက် သူဘယ်တော့မှ မလုပ်ပါ။ ထိုသို့အပြုအမူမျိုးက အောက်ကျသည်ဟုခံယူထားသည်။ ဒီတစ်နေ့လုံး အလုပ်ကိစ္စပြီးသည်နှင့် အိမ်ပြန်ရောက်လာချင်း သူမြင်လိုက်ရသည့် မြင်ကွင်းကြောင့် ထိုမိန်းကလေးကို စိတ်ဝင်စားမိသွားတာအမှန်။

မိတ်ကပ်ရောင်ဂါဝန်ကို ဝတ်ခဲ့သမျှမိန်းကလေးတိုင်း သူ့ရဲ့အလိုရမ္မက်အဖြည့်ခံဖြစ်ခဲ့သည်။ ထိုမိန်းကလေးများကို နှစ်ခါထက် မမက်မော၍ စိတ်ဝင်စားမှုလည်းမရှိပါ။ လူတစ်ယောက်ရဲ့ခံစားချက်ကို ငဲ့ပြီး စာနာတတ်သူလည်းမဟုတ်ခဲ့။

အခုကျတော့ သူ့အရှေ့မှာ ရပ်နေသည့်အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ပေါ်တွင် အရောင်တလက်လက်ထွက်ပေါ်လာသည်ဟုထင်ရ၏။ သူ့ခြေလှမ်းကို ရှေ့တိုးမိတော့ ထိုကောင်မလေးက ရုန်းထွက်သွားသည်။ လက်ကလေးကိုဖမ်းဆွဲပြီး သူ့အနားကထွက်မသွားဖို့ ဖမ်းချုပ်ထားမိသည်။

သူမရဲ့ပုခုံးကိုဖိကာ ထိုင်စေပြီး မျက်နှာရဲ့အစိတ်အပိုင်းကို အနီးကပ်ကြည့်လိုက်မိသည်။ အစိတ်အပိုင်းတစ်ခုချင်းက လှရက်လွန်းသောကြောင့် သူမရဲ့အလှကို စားသုံးဖို့အတွက်နှာမျောမိသွားသည်။ ထိုအချိန် မွေးစားအဖေအမြဲပြောသည့် စကားတစ်ခွန်းကို ဒီအချိန်မှာ ခေါင်းထဲဝင်လာ၏။

"ဒီမှာ ငါ့သား ငါတို့ဟာ လူဆိုးဖြစ်တဲ့အတွက် ဘယ်မိန်းကလေးကမှ ချစ်မှာမဟုတ်ဘူး။ ဒါပေမယ့် ကိုယ်ချစ်တဲ့သူကိုတွေ့ရင် ယုယကြင်နာပေးရမယ်။ ငါမင်းကိုတစ်ခုပြောပြမယ်။ ရုရှားတွေက သူတို့ရဲ့ချစ်သူ၊ လက်ထပ်ရမယ့်လူကို နူတ်ခမ်းတွေ၊ပါးတွေ မနမ်းခင် ခြေဖမိုးကို အရင်ဆုံး နမ်းရတဲ့ရိုးရာဓလေ့ရှိတယ်။ အဲ့လိုပဲ ကိုယ်ချစ်တဲ့သူနဲ့တွေရင် အောက်ကျပါစေ၊ တန်ဖိုးဆိုတာကို မေ့ထားလိုက်"

ထိုအတွေးခေါင်းထဲဝင်လာသည်နှင့် သူကလည်း မိန်းကလေးတစ်ယောက်ရဲ့ ခြေဖမိုးကို နမ်းဖို့နေနေသာသာ ကြည့်တောင်မကြည့်ခဲ့ဖူးသူမို့ ကောင်မလေးရဲ့ ခြေထောက်ကို အသာလေးဆွဲကာ ခြေဖမိုးကိုကြည့်လိုက်၏။ အသားကဖြူစွတ်လွန်းသည်ကိုကြည့်လျှင် နေရောင်ခြည်နှင့်တစ်ခါမှ မထိတွေ့ထားသည့်အတိုင်းပင်။ သွေးကြောစိမ်းများက ထင်းနေသည်။

Breaking Down Where stories live. Discover now