ORANGE 😍 [oneshort] စ/ဆုံး
ကောင်းဝီရ + ညီရှင်းသွင် (ခ) အိုရန်း
ဖေဖော်ဝါရီ ၂ရက် ၂၀၂၀
ညနေခင်း နေဝင်ဆည်းဆာအချိန်ဆိုသည့်
လိမ္မော်ရောင်ကာလာနှင့် ပတ်ဝန်းကျင်ကို
ခြယ်မှူန်းထားကာ ပန်းချီကားသဖွယ်အတိုင်း ပတ်ဝန်းကျင်တွေက လှပနေကြသလို၊
အခု ကောင်း ရောက်နေသည့် ကန်ရေပြင်ကျယ်လေးကလည်း လေက တစ်ဟူးဟူးနဲ့ကြောင့်မို့...ကောင်းရဲ့ ရှေ့က အမြဲတမ်းလိုလို
ကျနေတက်သည့် အညိုရောင် ဆံပင်ဖျားလေးတွေကတောင် လေနှင့် အတူတူ ပါကာ လွှင့်ဖြာနေတော့လေ၏။ကောင်း တကယ်ကို စိတ်ရှုတ်နေတာမို့
ခြေထောက်ကို ဆင်းထိုင်နေပြီးတော့ ကန်ရေပြင်ကြီးကို ငြိမ်ငြိမ်လေးပဲ တစ်ဝကြီး ငေးကြည့်နေပြီးးးကောင်း၏ သက်ပြင်းရှည်ရှည်တွေကို အကြိမ်ကြိမ် မရေတွက်နိုင်မိလောက်အောင် ချနေမိတော့သည်။
ဘယ်နှစ်ခေါက်မျှတောင်
ကောင်း သက်ပြင်းချမိတာက ဘယ်လောက် ရှိနေပြီလဲဆိုတာတောင် ရေတွက်နိုင်ဖို့ကို
မသိတော့ချေ။ကောင်း ဘဝကလေ တကယ့်ကိုမှ
အဓိပ္ပါယ်ကို မရှိသလိုမျိုးကို ခံစားနေရတော့
သည်။သူများတွေလိုမျိုး ပျော်ရွှင်နေရတဲ့ ဘဝတွေဆို သိပ်ကောင်းမှာပဲ။ကောင်း တကယ်ကိုမှ အားကျမိတော့သည်။
ကောင်းမှာ မိဘတွေကလည်း မရှိတော့သည့်အပြင်၊တစ်ဦးတည်းသောဖြစ်သော ကောင်း၏ အားကိုးရာ ဖြစ်သည့် အဘွားကလည်း လွန်ခဲ့သည့် တစ်လလောက်က ဆုံးသွားပြီး ကောင်း အနားကနေ ပြီးတော့ တကယ်ကိုမှ အပြီးအပိုင် ထွက်သွားပြီးတော့
နောင်ဘဝအတွက် မွေးဖွားဖို့ ရှိနေလောက်ပါပြီလေ မဟုတ်လား။အဘွားဖြစ်သူ ဒီလောကမှာ မရှိတော့တာမို့လည်း ကောင်း တကယ်ကို စိတ်မကောင်း ဖြစ်မိသွားတော့သည်။ကောင်း တကယ်ကိုမှ ဝမ်းနည်းမိရတော့သည်။
ဒါပေမယ့် ဒီအတိုင်း ထိုင်ပြီး ဝမ်းနည်းနေလို့လည်း မဖြစ်ပေ။
ကောင်း တစ်ခုခုကို လုပ်ငန်းတစ်ခုခုကို လုပ်ကိုင်နိုင်ဖို့ကို ကြိုးစားရတော့မယ် မဟုတ်လား။
![](https://img.wattpad.com/cover/378349507-288-k666655.jpg)
YOU ARE READING
ORANGE [Completed]
RomanceOrange ကောင်လေးကြောင့် အရာအားလုံးက ပြောင်းလဲသွားတော့တယ်~~