ဝမ်မိသားစု၏ ကျက်သရေတုံးမှု

6.9K 720 19
                                    

အပိုင်း (၁၈၃) ဝမ်မိသာစု၏ ကျက်သရေတုံးမှု

ရှောင်ဖူပြောတာကြားတော့ ပုံမှန်ဆိုပြဿနာတွေထဲ သိပ်ဝင်မပါတတ်တဲ့ ပိုင်အဖေကတောင် ပြောလာခဲ့လေသည်။

"ဟုတ်တယ် ဒုတိယ မင်းကြည့် ရှောင်ဖူလေးတောင် သစ်သီးခြံက ဘယ်သူ့ဟာလဲလို့ ဇဝေဇဝါဖြစ်နေရှာပြီ အဖေတို့က မင်း ဝမ်ရူကိစ္စနဲ့ပတ်သက်ပြီး ဝမ်မိသားစုကို သနားလို့ အလုပ်ပေးထားတာကို ဘာမှမပြောလိုပေမယ့် သူတို့က အရမ်းတရားလွန်တယ်"

ပိုင်မိသားစုက လက်တလော အလုပ်ကိုယ်စီရှုပ်နေ၍ သစ်သီးခြံဘက်ကို သိပ်မရောက်ဖြစ်သော်လည်း သူတို့နားများက အကောင်းတိုင်းသာ ရှိနေသေးသဖြင့် ဝမ်မိသားစု၏လုပ်ရပ်များကို ပြန်ကြားရလေ့ရှိပေသည်။

ဒါပေမယ့် သူတို့က သူတို့ရဲ့ ဒုတိယသားကို ယုံကြည်လို့ ဘာမှဝင်မပြောခဲ့ပါဘူး။

သို့သော် အခုကတော့ မတူတော့ဘူးလေ။ သူတို့ရဲ့မြေးလေးတွေကိုတောင် အနိုင်ကျင့်ရဲနေပြီကို။

ပိုင်အမေကလည်း ပြောလာ၏။

"အမှန်ပဲ! မင်းဝမ်မိသားစုကို ထုတ်လိုက်တော့! မင်းဆီမှာ လုပ်ချင်နေတဲ့သူတွေမှ မနည်းပါဘူး မင်းမပြောချင်ရင် အမေပြောလိုက်မယ်!"

ပိုင်အမေက ဤစကားပြောရခြင်း ပါးစပ်ဆိုးလှသည့်ဝမ်အမေက အလုပ်ထုတ်ခံရတာကို သေချာပေါက်  အလွယ်တကူလက်ခံမှာမဟုတ်တာကို သိနေလို့ပါပင်။ ဒါကြောင့် သူမက သူမသားအစား ကိုယ်စားတိုက်ပေးလိုနေတယ်။

သို့သော် ပိုင်လီကတော့ ငြင်းလိုက်သည်ပင်။

"အမေအပင်ပန်းခံစရာမလိုပါဘူး မဟုတ်ရင်တောင် ကျွန်တော်လည်း သူတို့ကိုထုတ်ဖို့ပြင်နေတာပါ ဒီတလောအလုပ်ရှုပ်နေလို့သာ အဲဒီဘက်မလှည့်ဖြစ်သေးတာ အခုတော့အတော်ပါပဲ"

ဒါကိုကြားမှ ပိုင်အမေနဲ့တခြားလူတွေကစိတ်သက်သာရာရသွားလေသည်။

နောက်တော့ ပိုင်လီက ရှောင်ဖူလေးရဲ့ ခေါင်းလေးကိုပွတ်သပ်လိုက်၍...

"ရှောင်ဖူလေး အဖေတို့ရဲ့သစ်သီးခြံကြီးက အကျယ်ကြီးလို့မထင်ဘူးလား"

အမှိုက်ကောင်လေး၏ ပျော်ရွှင်ဖွယ်ဘဝ (Completed) အမှိုက်ကောင်လေး၏ ပျော်ရွှင်ဖွယ်ဘဝOpowieści tętniące życiem. Odkryj je teraz