Part 9 ( Unicode )

177 2 0
                                    


ါင်ဉာဏ်တစ်ယောက်စာသင်နေရာကနေဒယ်ဒီ၏ဖုန်းခေါ်ဆိုမှုကြောင့်စာသင်နေသည်ကိုပစ်ထားခဲ့ကာဒယ်ဒီ့စံအိမ်သို့အမြန်ပြန်လာဖြစ်ရသည်အထိ။

ဖုန်းထဲတွင်ဘာမှထွေထွေထူးထူးမပြောပါသော်လည်းအိမ်ကိုလာခဲ့ဆိုသည့်အမိန့်စကားကြောင့်မသွားချင်ပါသော်လည်းသူ့အနေဖြင့်သွားနေရခြင်း။

ဒယ်ဒီနှင့်သူသည်သိပ်တည့်သည်မဟုတ်၊တွေ့ဖြစ်ရင်နှစ်ယောက်သားအချင်းများရဖြစ်သည်သာ၊ဒယ်ဒီနှင့်သူဟာမတွေ့လိုက်နဲ့တွေ့လိုက်သည်နှင့်နှစ်ယောက်လုံးဒေါသထွက်ရစေသည်။ဒယ်ဒီဟာသူ့နဂိုဗီဇအတိုင်းအတ္တကြီးတာကြောင့်ရော၊စကားအပြောအဆိုမညင်သာကြောင့်ပါ အမြဲတမ်းသူနှင့်ဆိုစကားနိုင်လုရချည်းဖြစ်၏။ဤသို့ပေမယ့်လည်းသူ့မိသားစုဝင်ဖြစ်သောဒယ်ဒီကိုသူချစ်ပါသည်။

ကားလေးသည်စံအိမ်ရှေ့သို့ရောက်သည်နှင့်ခြံစောင့်ဟာပြေးပြေးလွှားလွှားတံခါးကိုဖွင့်ပေးရှာသည်။တံခါးဖွင့်လိုက်သည်နှင့်ကားလေးဟာခြံဝင်းထဲသို့ဝင်ရောက်သွားပါတော့သည်။

ဒယ်ဒီစံအိမ်ကိုသူမရောက်ဖြစ်တာ၁လကျော်တောင်ရှိပြီ။သူလက်ထက်ပြီးထဲကဒယ်ဒီ့ဆီကိုမလာဖြစ်သေးပါ။

"ထိုင်"

အိမ်ထဲသို့ဝင်လိုက်သည်နှင့်ကြားလိုက်ရပါသော်အမိန့်ပါသည့်အသံ၊သူစိတ်ပျက်သလိုမျက်စံကိုအပေါ်သို့တင်လိုက်ကာ၊ဂုတ်နားထိဆံပင်များကိုသပ်ရင်း

"ကျွန်တော့်ကိုခေါ်တာ ဘာကိစ္စလဲဒယ်ဒီ"

"မင်းကိုအားအားယားယားတော့ ငါမခေါ်ဘူး"

"ဒါဆိုလည်းဘာလို့ခေါ်နေသေးတာလဲ"

ခေါင်ဉာဏ်ဟာဆိုဖာတွေခပ်လျော့လျော့ဝင်ထိုင်ကာဒယ်ဒီ့ကိုကြည့်ပြီးဆို၏။အခုထိလည်းတစ်ဖက်တွင်ထိုင်နေပါသောသိဒ္ဓိကိုမမြင်သေးပုံရသည်။

"ဒီကောင်လေးကမင်းကိုပါတွေ့ချင်တယ်ဆိုလို့"

ဦးလင်းသူရနောင်ဟာသိဒ္ဓိ့ဘက်သို့မေးငေါ့ကာဆိုလိုက်၏။ထိုအခါမှနောက်တစ်ယောက်ရှိတာသိသွားသောခေါင်ဉာဏ်ဟာသိဒ္ဓိကိုကြည့်လာသည်။

Mistakes that HurtWhere stories live. Discover now