ခပ်ပြင်းပြင်း အပူရှိန်ကို အရိပ်အောက်မှာ
ထိုင်နေတာတောင် ခံစားမိနေသည်။
လေအေးပေးစက်က လေတွေပင်လည်း
ခပ်ရှိန်းရှိန်း။ ကော်ဖီဆိုင် တံခါးပွင့်တိုင်း
ခပ်ရွှင်ရွှင်ခေါင်းလောင်းသံလေးသည်ပင်လျှင် စိတ်ရှုပ်စရာလို့ထင်လာရသည်။ဂယူဗင်းသည် နာရီကို တစ်ချက်ကြည့်မိသည်။
ချိန်းထားသည့် အချိန်ရောက်ဖို့ အနည်းငယ်သာလိုတော့သည်။သူသည် လူတွေနဲ့ ပေါင်းသင်း
ဆက်ဆံရာမှာ အားမနည်းသော်လည်း
လူတွေကို အငြင်းစကားဆိုရမည့်အချိန်မှာတော့
တုံ့ဆိုင်းနေတတ်သည်။ခေါင်းလောင်းသံလေး တစ်ခေါက်ထွက်ပေါ်လာတော့ တံခါး၀ကိုလှမ်းကြည့်မိသည်။သူ ဒီမှာရှိကြောင်း အသိပေးချင်တာမို့လို့ ထရပ်လိုက်သည်။
ဖန်တရာတေနေသည့် ဇာတ်လမ်းကို
အစပျိုးဖို့ သူ ကြိုးစားရဦးမည်။***
ရှေးဟောင်း တိုင်ကပ်နာရီကြီးမှ
ချိန်သီးသံသည် အဆက်မပြတ်ထွက်ပေါ်လာသည်။ လူအလာပါးသည့် ဆိုင်လေးကို သိမ်းဆည်းဖို့
ဂယူဗင်း ဘာမှအထူးတလည်ကြိုးစားဖို့မလို။ ကောင်တာကအံ့ဆွဲထဲမှာရှိသည့် ပိုက်ဆံတွေကို သိမ်းယူပြီး တချို့တစ်၀က်ကို သူ့ကိုယ်ပိုင်
အိတ်ကပ်ထဲထည့်လိုက်၏။ အပြင်မှာ
မိုးသည်းသည်းမဲမဲရွာသံကြားနေပေမဲ့လည်း
ဂယူဗင်းသည် အိမ်ကို ပြေးသွားဖို့သာ
ကြံထားလိုက်သည်။"ဆိုင်ပိတ်.."
တစ်ကိုယ်လုံး မိုးစိုလာသူကြောင့် ဂယူဗင်းမှာ
စကားတောင်ဆုံးအောင်မပြောလိုက်နိုင်။
ဒီအချိန်ရောက်မှတော့ သူ့တို့ဆိုင်မှာ
မိုး၀င်ခိုတာဖြစ်မည်။ "ခဏလောက် မိုးခိုလို့ရမလား "
ဆိုင်ပိတ်သွားတာတောင် သူသည် အိမ်ပြန်ဖို့
စဥ်းစားထားတာတောင် ဂယူဗင်းသည်
တစ်ဖက်လူစကားကိုမငြင်းနိုင်ဘဲ
ခေါင်းတဆက်ဆက်ငြိမ့်ပြလိုက်မိသည်။"ဒီမှာ ထိုင်လို့ရတယ် အ၀တ်တွေစိုနေရင်
ကျွန်တော်အင်္ကျီခဏလဲထားလည်းရတယ်"