" The call from the ancient temple "
အခန်း ( ၈ )
" သား သတိရလာပြီးလား သား " မိခင်ဖြစ်သူ ဒေါ်ရိုစီလင်းက သားဖြစ်သူ Jay ကိုမေးလေတော့သည်။
" ဟင် မေမေ "
" သား သတိရလာပြီးပဲ "
" သားဘာဖြစ်တာလဲ မေမေ "
" သြော် သားက တစ်ယောက်တည်း အပြင်သွားတာလေ လမ်းဘေးခုံတန်းလေးမှာ သားသတိလစ်နေတာ အဲတာနဲ့ သားသွားတာကြာတော့ သားအစ်ကိုလည်း လိုက်ရှာရင်း အဲခုံတန်းလေးမှာ သားသတိမေ့နေတာ တွေ့တာပဲ "
" သားက ဘာလို့ သတိမေ့နေတာလဲ "
" မေမေလည်း အဲတာကို သိချင်နေတာ မေမေ့ကိုပြောပြပါဦးသား "
" ဟဲ့ သမီးရယ် မြေးက အခုပဲ သတိရသေးတာ စကားတွေအများကြီး မမေးနေပါနဲ့ နေသာသလိုအရင်နေပါစေ "
အဖွားဖြစ်သူကပြောလေတော့ ဒေါ်ရိုစီလင်းလည်း ခဏတိတ်လိုက်လေတော့သည်။
" မြေးလေး အားရှိသွာအောင် ခဏနားနေလိုက်ဦး ဒီမှာအဖွားသွေးဆေးလေးသောက်လိုက် သားသက်သာသွားမယ် "
" ဟုတ်ဖွား "
Jay တစ်ယောက် အံ့အားသင့်နေလေတော့သည်။ ဟုတ်ပါသည် သူ့အဖြစ်ကို သူသာသိလေတော့ ဘယ်သူ့ကို ဘယ်လိုဘာပြန်ပြောရမှန်း မသိတော့ပေ။ သေချာတာတစ်ခုက သူဖြစ်ပျက်ခဲ့တာတွေကို သူအကုန်လုံးမှတ်မိနေလေတော့သည်။ ဒါဆို အခုကရော သူဘယ်လိုလုပ်ပြီး အိမ်ကိုပြန်ရောက်နေတာလဲ။ ပြောပုံကတော့ သူက လမ်းဘေးကခုံတန်းလေးမှာ သတိလစ်နေတာတဲ့။ ဒါဆို သူက အိပ်မက်မက်နေတာလား သေချာတာတစ်ခုကတော့ သူအရမ်းကိုကြောက်စရာအဖြစ်ပျက်တစ်ခုနဲ့ ကြုံတွေခဲ့ရတာတော့ အမှန်ပါ။ ဒါဆို သူကြုံခဲ့ရတဲ့ ကောင်မလေးနဲ့ လူတစ်ယောက်ကရော။ ရွာလေးဆိုတာကရော။ အဲရွာကလူတွေကရော... ရွာလေးက အဖိုးအိုအဖွားအိုတို့ကရော..... ဘာတွေလဲ လက်တွေ့မှာ တကယ်မရှိတာလား ဒါတွေက သူသတိလစ်ပြီး မေ့မျောနေတုန်း ကြုံတွေ့ရတာလား။ သတိလစ်ရအောင် သူဘာတွေဖြစ်ပျက်ခဲ့လို့လည်း သူအဖြေကိုရှာမရပေ။
YOU ARE READING
The call from the ancient temple
Fantasyသွေးသောက်လူသားတွေရဲ့ အကြောင်းကို စိတ်ကူးယဉ်ဆန်ဆန်ရေးဖွဲ့ထားသော Boy Love story တစ်ပုဒ်ဖြစ်ပါသည်။