"မဟုတ်ဘူးလေ ကိုကိုရယ် ဆောနူက အဲ့လိုအဓိပ္ပာယ်နဲ့ပြောတာမဟုတ်မှန်း ကိုကိုသိရက်နဲ့။"
ဆောနူ အခန်းအတွင်းက လိုက်ကာတွေကိုလည်း ဖွင့်ထားပါရဲ့ ဘာကြောင့်များ ပိတ်လှောင်နေတယ်လို့ ခံစားရတာပါလိမ့်။ကိုကိုရှိုက်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့တွေကြောင့်ပဲလား ဒါမှမဟုတ် သူ့ထံအကြည့်ကလေးတစ်ချက်တောင်ပေးမလာတဲ့ ကိုကို့ကြောင့်လား ဆောနူကိုယ်တိုင်လည်း ဝေခွဲမရပါချေ။
" မင်းဘယ်လိုပြောပြော ကိုယ်နားထောင်မှာ မဟုတ်မှန်းမင်းလည်းသိတယ်နေတယ်မလား။"
ဆေးလိပ်ကို ခပ်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီးနောက်မှာ ကိုကို့လက်ထဲက ဆေးလိပ်ကလေးက ဖင်ဆီခံထိရောက်သွားရသည်။
ဆောနူ ကိုကို့ကို ဆေးလိပ်တွေ
မသောက်စေချင်တော့ပါ။အခုလည်း ဆေးလိပ်သောက်သည့် ကိစ္စနှင့်ပတ်သက်၍ စကားများနေရခြင်း မဟုတ်ပါလား။" ဒါပေမဲ့ ကိုကိုရယ် ကျန်းမာရေးအတွက်ပြောနေရင် ကိုကို နားလည်လက်ခံပေးသင့်တာပေါ့။"
" မင်းက ကိုယ့်စကားတွေကိုဂရုမစိုက်တော့ဘူးပဲ ဟက်။"
စကားဆုံးတော့ ကိုကိုက တစ်ချက်ရယ်သည်။ပေါ်လာတဲ့ သွားစွယ်ဖေွးဖွေး ချွန်ချွန်ကလေးက ဆောနူ၏ အားနည်းချက်မှန်း သိနေပါရက် ကိုကိုဟာ တမင်အနိုင်ယူ ချင်ပုံရသည်။
" ဆောနူ ကိုကို့ စကားတွေကို ဂရုစိုက်ပါတယ်။ ဆောနူတို့နှစ်ယောက်က လက်ထပ်ထားကြပေမဲ့ ကိုကို့ ကိစ္စတွေမှာ ဝင်ပြီ မစွက်ဖက်ရဘူးလို့ ပြောထားတဲ့ စကားကိုမမေ့ဘူး။ဒါပေမဲ့ အခုဟာ ဆောနူး ကိုကို့ ကို စိတ် ပူ~~~။"
" ကိုယ့်အတွက်ကိုယ်တောင် စိတ်မပူတာမို့ မင်းရဲ့စိတ်ပူမှု မလိုအပ်ဘူး။"
ကိုကို့ရဲ့ အေးစက်စက်စကားအောက်မှာ ဆောနူရဲ့စကားသံေတွက တိုးဖျော့သွားရသည်။အမြဲ ဒီလို တုံ့ပြန်မှုမျိုးေတွပဲ ရလာမှာသိနေလည်း ဆောနူရဲ့ နှလုံးသားလေးမှာ အမှတ်မရှိစွာ။
" ဆောနူ တောင်းပန်ပါတယ် ကိုကို။"
ဆေးလိပ်ဗူးထဲက ဆေးလိပ်အသစ်တစ်လိပ်ကို ထုတ်လို့ ကိုကိုဟာ ဆောနူ ဒီအခန်းထဲမှာ မရှိနေပါတဲ့အတိုင်း ဆေးလိပ်ကိုမီးညှိလိုက်ပြီး ခပ်ပြင်းပြင်းရှိုက်လို့ မီးခိုးခေါင်းတိုင်ကြီးအလား အငွေ့တွေကို ဆောနူ မျက်နှာဆီ ရောက်သည်အထိ မှုတ်ထုတ်လာ၏။