နှိုင်းသည် အချိန်တစ်ခုကြာသည်အထိ စောင့်နေမိသေးသည်။ သို့သော် မည်သည့်အသံမှထွက်မလာသည့် အဆုံးတွင် သူမတကယ်ပင် စိတ်ထိခိုက်ရသည်။
"မပြောချင်ကြဘူးမလား ကောင်းပြီ မမေးတော့ဘူး
နှိုင်းကို မြသွေးတို့ကတောင် အယုံအကြည်မရှိခဲ့ဘူး ဆိုတာ သဘောပေါက်လိုက်ပြီ! ""မဟုတ်ပါဘူး နှိုင်းရယ် ဒေါသလျော့ပါဦး"
မြသွေးသည် နှိုင်းအား ကြည့်မနေနိုင်တော့ဘဲ စကားစလိုက်သည်။
"နှိုင်းကို ဒေါသလျော့ခိုင်းနေတာလား ရတယ် နှိုင်း စိတ်လျော့ပေးလို့ရတယ် ဒါပေမဲ့ မြသွေးနှိုင်းကို ဖြေရှင်းချက်ပေးရမယ်"
မြသွေးသည် သက်ပြင်းအား ရှိုက်ထုတ်လိုက်သည်။
"မြသွေးတို့ နှိုင်းကိုမပြောပြခဲ့ဘူးဆိုတာက နှိုင်းကိုမယုံကြည်လို့မဟုတ်ဘူး မိသားစုလို သဘောမထားလို့လည်း မဟုတ်ဘူး မြသွေး နှိုင်းကို ယုံတယ်"
နှိုင်း၏ မျက်ဝန်းမှ ဒေါသရိပ်များ အနည်းငယ်လျော့ပါးသွာရသည်အား မြသွေးမြင်လိုက်ရသည်။ ထို့နောက် မြသွေးကသာ စကားဆက်သည်။
"မြသွေးပြောလိုက်ရင် နှိုင်းကူညီမယ်ဆိုတာလည်း သိတယ် ဒါပေမဲ့ မြသွေးမပြောရက်ဘူး နှိုင်းသာဝင်ပါလိုက်ရင် LAC ကလည်း ဒီရဲ့ အကျိုးဆက်တွေကို ခံရလိမ့်မယ်"
"နှိုင်းက ကြောက်နေမယ်လို့ထင်တာလား"
"နှိုင်း လုပ်ရဲတယ်ဆိုတာ မြသွေးသိပါတယ် ဒါပေမဲ့လည်း LAC ဆိုတာ နှိုင်းပင်ပင်ပန်းပန်း ကြိုးစားအားထုတ်ခဲ့ရတာ မြသွေးက ဘယ်လိုလုပ် လွယ်လွယ်နဲ့ ပျက်ဆီးခံရမလဲ နှိုင်းဘယ်လောက်ကြိုးစားခဲ့လဲ မြသွေးတို့မျက်မြင်ဘဲ လေနှိုင်းရဲ့ ကြိုးစားမှုတွေကို မြသွေးတို့ကြောင့်နဲ့ မဖျက်ဆီးရက်ဘူး အဲ့တာကြောင့် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းလိုက်တာ"
မြသွေး၏ စကားသည် နှိုင်း၏ အရှိုက်တည့်တည့်သို့ ဝင်ရောက်တိုက်ခိုက်သည်။ နှိုင်း၏ ဒေါသတို့သည်လည်း ရေဖြင့်လောင်းခံလိုက်ရသော မီးခဲပမာ အပူရှိန်တို့လျော့ကျသွားရသည်။ ထို့နောက် နှိုင်း၏ အသံသည် ဒေါသရိပ်တို့မပါဘဲ ပျော့ပျောင်းလာသည်။
YOU ARE READING
ပြိုကျလျက်ရှိသော မိုးရိပ်
Short Storyလောကဓံရေ အရာအားလုံးကို ယူသွားပါ ဒါပေမဲ့ ကဗျာ့ကိုတော့ ပိုင်ဆိုင်ခွင့်ပေး (နှိုင်းယှဉ်ဝင့်လွှာ) ကဗျာ့အတွက် ပျော်ရွှင်ခြင်းဆိုတာ ပန်းချီလေ (ကဗျာခြွေ) ကမ္ဘာမှာ ပျောက်ပျက်မသွားတဲ့အရာက ဘာလဲဆိုရင် ကဗျာ့အပေါ်ထားတဲ့ ချစ်ခြင်းဘဲပေါ့ (မြတ်ပန်းချီခြယ်)