Part 7

1.9K 86 15
                                    

" မဒီ ဒီကိုခနလာဦး"

"ဟုတ်"

ဦးစိုးအောင်ခေါ်လိုက်သဖြင့် ဧည့်ခန်းသို့ ဝင်ကာ ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။

"ခြူးခေတ်စံကို နောက်သုံးရင်နေရင် သူ့အဖွားတွေလာခေါ်လိမ့်မယ်"

"ဘယ်ကအဖွားလဲ ဘယ်သူတွေလဲ"

"ရတီ့မိဘတွေကအမေရိကန်မှာနေကြတာ ပိုက်ဆံပြေလည်တဲ့အသိုင်းဝိုင်းပါပဲ"

"ကိုကိုကြီး ဘာတွေလုပ်နေတာလဲမဒီမသိတော့ဘူး ခြူးကိုတော့ သူတို့လက်ထဲမထည့်နိုင်ဘူးနော်"

"မထည့်လို့ရမလား နင်ကသူ့ကိုတရားဝင်မွေးစားထားတာလဲမဟုတ်ဘူး သူ့အဖွားတွေကတရားစွဲရင် နင်ပဲပြဿနာဖြစ်မှာ"

"ဒါတွေအားလုံး ကိုကိုကြီးကြောင့်လေ"

"ဟုတ်တယ် ငါ့ကြောင့်ပဲ
နင့်ကို အဲ့လိုမိန်းမပျက်ရဲ့သမီးနဲ့သဘောမတူလို့လုပ်တာ"

"ကိုကိုကြီးးးးး ရတီ့ကိုပြောတာထိ မဒီလက်ခံတယ်နော် ခြူးကိုပြောစရာမလိုဘူး"

"ခြူးက နင့်ကိုသူ့အမေလိုပဲအပျော်ကြံတာလေ ဒါကို နင်ကအရင်တစ်ခါလို ပုံပြင်တွေကိုထပ်ယုံနေတာလား သားအမိနှစ်ယောက်လုံး ကစားတာကို ငြိမ်ခံနေရလောက်အောင် နင်ညံ့သလား ဟမ်"

"မသိဘူးးးး ကိုကိုကြီးရာ
မဒီ ခြူးကိုချစ်လို့ပါနော် ခြူးနဲ့မခွဲပါရစေနဲ့နော်"

မျက်ရည်များပြိုလဲကျကာ ငယ်စဉ်ဘဝတည်းမှာ့ တစ်ခါမှာ့မထောက်ခဲ့ဖူးသော ဒူးတို့သည် ထိုကလေးငယ်လေးကြောင့် အမိန့်ပေးစရာမလိုပဲ မြေသို့ခခဲ့သည်။

ဒူးထောက်ကာ ငိုနေသော ညီမလေးကို ဖက်ကာ စိတ်မကောင်းဖြစ်မိသည်။

"မဒီရယ် နင်ဘယ်တော့မှာ့နားလည်မှာလဲဟာ"

"ကိုကိုကြီးးး ခြူးက မဒီ့ကိုချစ်တယ်
မဒီလဲ ခြူးကိုချစ်တယ်လေ ဘာလို့ မဖြစ်နိုင်တာလဲ .....ဟီးးးးးးး"

"သူက ငယ်သေးတယ် အချစ်ဆိုတာစိတ်ကစားယုံပါပဲ ညီမလေးရယ်
အချိန်တန်သူ့ဘဝတက်လမ်းအများကြီးကိုသူလျှောက်ရမှာ အခုချိန် နင်သူ့ကိုဆွဲထားရင် သူ့တက်လမ်းတွေသူမတက်ခဲ့ရလို့ နောင်တရတဲ့အခါ နင့်ကိုလက်ညှိုးထိုးလိမ့်မယ် "

Sugar Mommy Where stories live. Discover now