♎️Chapter 54
ရှဲ့လင်ကစကားမပြောပေ။ ရေနှစ်ဘူးယူလာပြီး တစ်ဘူးကိုသူ့အားပေးလာသည်။ ဖုယွမ်ကျိုးကရေနှစ်ငုံသောက်ပြီး စားသောက်ရန်ပြောလာသည်။ ရှဲ့လင်ကသူ့သဘောအတိုင်းလုပ်ရန်ပြောလာ၏။
"အာ...နောက်ထပ်မေးခွန်းတစ်ခုရှိသေးတယ်.."
ဖုယွမ်ကျိုးက သူ့ကိုကြည့်လိုက်ပြီး ရုတ်တရက်ခေါင်းကြောများကျိန်းစပ်လာသလိုပင်၊ စိတ်ထဲရှိသည့်အတိုင်းမေးလိုက်မိသည်။
"တကယ်လို့ငါသာ...အယ်လ်ဖာတစ်ယောက်ဖြစ်နေရင်ရော...မင်းငါ့ကိုကြိုက်နေဦးမှာလား..."
"အင်း.." ရှဲ့လင်က တွေဝေနေခြင်းမရှိဘဲ ချက်ချင်းပြန်ဖြေလာခဲ့သည်။
"ဒါဆိုဒီကမ္ဘာကြီးမှာ ABO လိင်အမျိုးအစားမရှိခဲ့ရင်ရော..."
ဖုယွမ်ကျိုးက ဖြည်းဖြည်းချင်းထပ်ဖြည့်ပြောလိုက်သည်။
"ဥပမာ..ယောကျ်ားတစ်ယောက်နဲ့မိန်းမတစ်ယောက်ရှိတယ်...ABO လည်းပါတာပေါ့...အရင်ကဆို ယောကျ်ားတစ်ယောက်ကမိန်းမတစ်ယောက်နဲ့ပဲလိုက်ဖက်တယ်လေ..ယောကျ်ားလေးအချင်းချင်းအတူရှိနေရင်ကျမရဘူးလေ..."
"အင်း..." ရှဲ့လင်က ယခင်ကအတိုင်းတုံ့ပြန်လိုက်၏။
"ချက်ချင်းမဖြေနဲ့ဦး..ငါပြောတာကိုအရင်နားထောင်.."
ဖုယွမ်ကျိုး နောက်တကြိမ်ချောင်းဟန့်လိုက်မိပြန်သည်။"တကယ်လို့ ဒီကမ္ဘာမှာ ယောကျ်ားလေးနှစ်ယောက် အတူရှိခဲ့ရင် ဝေဖန်ခံရမှာ...သူတို့ဘေးကလူတွေကလည်းအားပေးမှာမဟုတ်ဘူး..ပြီးတော့လည်း သူတို့မှာကလေးဆိုတာရှိလာမှာမဟုတ်ဘူး...ပြီးတော့ ငါ့လိုယောကျ်ားတစ်ယောက်ကိုသဘောကျဖို့ကလည်း ဘယ်တော့မှစဥ်းစားမိမှာမဟုတ်ဘူးလေ.."
ရှဲ့လင်ကသွားနေသည်ကိုရပ်ပြီး သူ့အား အလေးအနက်ကြည့်လာသည်။
"ကိုယ်ကမင်းအကြောင်းပဲတွေးမှာ..အခြားသူတွေအကြောင်းတွေးမိမှာမဟုတ်ဘူး..."
"ကိုယ်တို့လိင်တွေကွဲပြားသွားလည်းအရေးမကြီးဘူး..မင်းအိုမီဂါဟုတ် မဟုတ်နဲ့လည်းမဆိုင်ဘူး..."
YOU ARE READING
အိုမီဂါအဖြစ် မွေးဖွားလာပြီးနောက် အားလုံးက ငါ့ကိုလိုချင်နေကြတယ်
FantasyBL, Omegaverse story