Chapter.4

16.6K 256 2
                                    

Unicode

I have fallen in love witn my spouse!

Chapter.4

လူတစ်ယောက်ရဲ့ကံကြမ္မာကို ကြိုတင်မြင်နိုင်စွမ်းရှိရင် တစ်စုံတစ်ယောက်ကတော့ သူမတို့ရဲ့ကံကြမ္မာကိုပြောင်းပြန်လှန်ပစ်ခဲ့မယ်ထင်တယ်။

''တည်တံ့...မနက်ဖြန်ဆိုစာမေးပွဲပြီးပြီနော် ငါတို့တွေတစ်ခုခုplanချရအောင်''

''ဘာplanလဲ''

ဇေယျာကလက်မကိုပါးစပ်မှာတော့ပြတော့ တည်တံ့ကခပ်လွင့်လွင့်ပြုံးလိုက်လေ၏။

''ကျန်တဲ့သူတွေရောဘယ်လိုလဲ''

''ငါတို့​အားလုံးလိုက်မှာ''

မေသစ်နဲ့ကာရန်က...

''ငါတို့ကိုလည်းမချန်ခဲ့နဲ့နော်''

''ဟုတ်တယ် ငါတို့လည်းလိုက်မှာ ဘယ်ဘားလဲပြော ငါတို့ကအိမ်ပိုင်ပြီးသား''

''ကဲငတည်...မင်းပဲကျန်တော့တာ''

''ပြောဖို့လိုသေးလို့လား''

မေသစ်ကကာရန့်ကိုလက်တို့ကာ ခပ်စိုက်စိုက်ကြည့်လိုက်တော့ ကာရန်ကချက်ချင်းပဲသဘောပေါက်ကာ မေသစ်ကိုမျက်စေ့တစ်ဖက်မှိတ်ပြလိုက်လေတော့သည်။

***

''ရှင်...ဘားကို မ မဖြစ်နိုင်ပါဘူးမမတို့ရယ် အသည်းကအဲလိုနေရာတွေမသွားတတ်ဘူး ဖေဖေတို့ကလည်းလွှတ်မှာမဟုတ်ဘူး အသည်းနဲ့လည်းမဖြစ်ပါဘူး''

မမမေသစ်ကသူမအိမ်အထိရောက်လာပြီး တကူးတကလာပြောပေးမယ့်အသည်းမတတ်နိုင်။

သူမမှအဲလိုနေရာတွေမသွားတတ်တာကို။

''တည်တံ့လည်းပါမှာနော်အသည်း မမတို့သိပါတယ် အသည်းကတည်တံ့ကိုကြိုက်နေတာမလား''

''မ မဟုတ်ပါဘူးမမတို့ရယ်''

''ညာမနေစမ်းပါနဲ့...မမတို့ကအသည်းကိုကူညီမလို့ကို လုပ်ပါအသည်းရဲ့ လိုက်ခဲ့ပါ အသည်းအရမ်းပျော်သွားစေရမယ် အသည်းရဲ့ဖေဖေနဲ့မေမေကိုမမတို့ကပြောပေးမယ်''

''ဒါပေမယ့်...''

''အသည်း...မငြင်းနဲ့နော် ဒီညမမတို့ကအသည်းကိုတည်တံ့ကြွေသွားအောင်လုပ်ပေးမလို့ ဟုတ်ပြီလား''

တည်တံ့ရဲ့အသည်း[Completed]Where stories live. Discover now