*သခင့်ရဲ့ကျေးကျွန်*Part(19)
သိမ့်ကိုမေမေတို့ကနာမည်သာသိထားကြသည်။
တခါမှလူချင်းပေးမတွေ့ခဲ့ဖယ
သိမ့်ကလဲထိုနည်းတူစွာစက်မိဘတွေနဲ့ခုချိန်ထိမတွေ့ဖူးသေး။
မိဘတွေနဲ့တွေ့ပေးသင့်မှန်းစက်သိပေမဲ့တမင်မေ့ချင်ယောင်ဆောင်ထားမိသည်။ အချိန်တွေကြာလာလေအချစ်ကိုသတိရဖို့စက်မေ့နေလေပါပဲ။"သား ဘာတွေတွေးနေတာလဲ"
"မေမေကလက်ထပ်ဖို့ပြောတော့ ကျနော်နည်းနည်းစဉ်းစားမိတာပါ
လောလောဆယ်လက်ထပ်ဖို့ကျနော်မတွေးထားသေးဘူးမေမေ""သားရယ် မိန်းကလေးဘက်ကိုလဲထည့်တွက်အုံးမှပေါ့
သူ့ခမျာနောက်ထပ်သာဆက်ပြီးစောင့်နေရရင်ဒီတသက်အိမ်ထောင်လဲပြုရမှာမဟုတ်တော့ဘူး ဘာလဲသားကအဲ့ဒီမိန်းကလေးကိုလက်မထပ်ချင်လို့လား""ဗျာ အဲ့လိုမဟုတ်ပါဘူးမေမေ ကျနော်သိမ့်ကိုလက်ထပ်မှာပါ
အချိန်မပေးနိုင်သေးလို့တမင်မေ့ထားတာပါ""မင်းဟာကကိုယ့်ခါးပိုက်ထဲကဖားဘယ်ချိန်ထုတ်ရိုက်ရိုက်သေပါတယ်ဆိုတာလိုဖြစ်နေပြီ ဟိုကမိန်းကလေးကိုယ်ချစ်တဲ့သူနဲ့အတူရှိချင်မှာပေါ့ကွယ်
ပြီးတော့သူ့မိဘတွေလဲထည့်တွက်သင့်တယ်လေ သမီးမိန်းကလေးကိုဒီအချိန်ထိတစ်ယောက်ထဲဘယ်စိတ်ချပါ့မလဲ""မေမေရယ် အဲ့ဒါတွေတော်ပါတော့ အချိန်တန်ရင်မေမေ့အတွက်ကျနော်ချွေးမတစ်ယောက်သေချာပေါက်ရှာပေးမှာပါ အခုတော့မလိုချင်ပါနဲ့အုံးဗျာ"
ဖေဖေခမျာ စက်တို့သားမိပြောနေတာနဲ့ဝင်ပြောဖို့အချိန်စောင့်နေဟန်တူသည်။
"ဖေဖေဘာပြောစရာရှိလို့လဲ"
"သားဟိုကလေးမလေးကိုရောဘယ်လိုလုပ်မှာလဲ"
"ဘာလုပ်ရမှာလဲဖေဖေရယ် သားသူ့ကိုအလှကြည့်ဖို့ခေါ်ထားတာမှမဟုတ်တာ
ဖအေရောသမီးရောအချိန်တန်ရင်တစ်လမ်းထဲလွှတ်ရမှာပဲ""ဖေဖေကတော့ကလေးမလေးကိုလွတ်လပ်ခွင့်ပေးစေချင်တယ်သား
ဖြစ်ခဲ့သမျှကိစ္စတွေမှာသူပါခဲ့တာမှမဟုတ်တာ သူဘာမှလဲသိမှာမဟုတ်ဘူး"