ဒီရက်ပိုင်း fb မှာတက်တက်လာတဲ့ tarot pile card ရွေးတဲ့ဗေဒင်လေးတွေဖတ်မိတယ်။အပျော်ပေါ့လေ။ထူးဆန်းတာက အချစ်ရေးအကြောင်းကတ်တွေရွေးတိုင်း ငါရွေးတဲ့ကတ်တိုင်းလိုလိုက အတိတ်ကဖြစ်ပျက်ခဲ့တဲ့နှလုံးသားဒဏ်ရာတွေကြောင့် move မ on နိုင်ပဲအချစ်ကိုမရှာဖွေတာတဲ့။
အဲ့တော့နှစ်တစ်ထောင်နီးပါး ရေခဲရိုက်နှလုံးသားပိုင်ရှင်FAလေးငါကစဉ်းစားပြီလေ။ဘယ်ကြောင်တောင်တောင်ဂေါက်တောက်တောက်ငကြောင်ကောင်က ငါ့ကိုစိတ်ကင်ဆာပေးသွားခဲ့လဲပေါ့။ရင်မခုန်ဘူးလို့လဲဖင်ပိတ်မငြင်းချင်ပါဘူး။Cuz I am human too.
ဆိုတော့ငါ့ရဲ့နှလုံးသားရေးရာသမိုင်းတစ်လျှောက်ကို ပြန်လည်တူးဆွဖော်ထုတ်လိုက်တော့ ထွက်ပေါ်လာတဲ့အမျိုးသားသုံးရပ်ရှိတယ်။
နံပါတ်-၁ TV boys or my fictional boys
နံပါတ်-၂ My childhood angel
နံပါတ်-၃ မိုးကြိုးပစ်ထားတဲ့ဝက်တစ်ကောင်ကနဦးအမျိုးသားလေးတွေက anime ကားထဲကမင်းသားတွေ၊ပြောရရင်ငါ့ရဲ့အချစ်ဦးတွေပေါ့။သူတို့ကငါ့ကိုပျော်ရွှင်မှုတွေ၊ကြည်နူးမှုတွေပဲပေးတဲ့အတွက် ငါ့ကိုစိတ်ကင်ဆာပေးတဲ့သူတွေမဟုတ်။ငါ့ရဲ့အဖိုးမဖြတ်နိုင်တဲ့မင်းသားလေးတွေ။
ဒုတိယကငါ့ရဲ့ငယ်ဘဝနတ်သားလေး။အိုင်ဒေါတစ်ယောက်လိုလေးစားအားကျရတဲ့အကို။ငယ်ငယ်ကအကို့ကိုမြင်တိုင်း အရောင်အဝါတွေတောက်ပပြီးတော့ လင်းလက်တောက်ပနေလိုက်တာဆိုတာနတ်သားလေးတစ်ပါးလိုပဲ။
အကိုကငါ့အတွက် နေမင်းကိုငေးကြည့်နေတဲ့နေကြာပန်းငယ်လေးလို၊လမင်းကြီးကိုပဲညို့ယူဆွဲငင်နေတဲ့ပင်လယ်ပြင်ကြီးလို အလှမ်းကွာလွန်းလှတယ်။ငါသဘောကျလေးစားတာကိုသူသိမှာမဟုတ်သလို ငါ့ရဲ့ဖြစ်တည်မှုကိုလည်းသူသတိထားမိမှာတောင်မဟုတ်။
အခြေအနေလေးကတစ်မျိုးတော့ဆန်းကြယ်ပေမဲ့ ငါ့ကိုထိခိုက်နာကျင်မှုမရှိစေဘူး။ဘာလို့ဆိုငါကအကို့ရဲ့အပြုအမူကောင်းလေးတွေ၊ကိုယ်ကျင့်တရားနဲ့အကို့ရဲ့ထက်မြက်မှုတွေကိုသဘောကျလေးစားတာပဲရှိတာ။ချစ်တာမှမဟုတ်တာပဲကို။အဲ့တော့အကိုကငါ့ရဲ့နတ်ဆိုးကြီးလုံးဝမဖြစ်နိုင်။
အဲ့ဒီ့တော့နောက်ဆုံးမဲပေါက်သွားတာက မိုးကြိုးပစ်ထားတဲ့ဝက်တစ်ကောင်။ထူးတော့ထူးဆန်းသား ငါကဝက်ကင်ကိုကြိုက်တာလား ချစ်မိတာလားတောင်မသဲကွဲခဲ့လို့ပဲ။သေချာတာကတော့ အဲ့ဒီ့ဝက်ကင်ကငါ့ကိုစိတ်ခံစားမှုမျိုးစုံပေးခဲ့တာ။
အဲ့လိုနဲ့ဝက်တစ်ကောင်ကိုအကြောင်းပြုပြီးဖြစ်ပေါ်လာတဲ့ဇာတ်လမ်းလေးက"Crush is trash" ခွက်ဆိုတာအမှိုက်ထုပ်။
"အမှိုက်သည်ညစ်ပတ်သည်၊နံစော်၏။
တခါတလေတော့လည်းအမှိုက်သည်
ချစ်စရာကောင်းပြီးမွှေး၏။
သို့ရာတွင်အဆုံးသတ်တွင်ကားအမှိုက်သည်
ကျန်းမာရေးကိုထိခိုက်စေသောကြောင့်
လောကလူသားအားလုံးအမှိုက်ရန်မှကင်းဝေးကြကုန်လော့"တူးပြီကိုတိမ်ညွန့်,
Written by Taro
YOU ARE READING
Crush Is Trash
Short Story"အမှိုက်သည်ညစ်ပတ်သည်၊နံစော်၏။ တခါတလေတော့လည်းအမှိုက်သည် ချစ်စရာကောင်းပြီးမွှေး၏။ သို့ရာတွင်အဆုံးသတ်တွင်ကားအမှိုက်သည် ကျန်းမာရေးကိုထိခိုက်စေသောကြောင့် လောကလူသားအားလုံးအမှိုက်ရန်မှကင်းဝေးကြကုန်လော့"