Chapter[1]

143 7 8
                                    

"ဟူး...ပင်ပန်းလိုက်တာ"

တိုးတက်လူ တယောက် အုတ်ခဲတွေကိုချရင်းပုဆိုးခါးပုံစနဲ့ ချွေးကိုသုတ်လိုက်သည်။

တိုးတက်လူ ဆယ်တန်းနှစ်က မိခင်ရဲ့ ကင်ဆာရောဂါကြောင့် ကျောင်းထွက်ကာ အလုပ်မှန်တမျှ ကြိုးစားလုပ်ကိုင်ခဲ့သည်။သို့ပေမဲ့ ဆေးဝါးခကမလောက်တာကြောင့် အကြွေးတင်ခဲ့ရတယ်။မိခင်ဆုံးသွားတော့လည်း အကြွေးဆပ်ဖို့အတွက် အလုပ်တွေထပ်လုပ်ရရှာပြန်သည်။

အကြွေးဆပ်နေရင်းကနေ သတ်မှတ်ထားတဲ့အချိန်တွင်းမပေးတာကြောင့် အကြွေးနွံထဲနစ်သွားရှာသည်။

စားသောက်ဆိုင်တွေမှာ ပန်းကန်ဆေး၊ သန့်ရှင်းရေးလုပ်ပေးတယ်။ဈေးမှာဆို ဆိုင်ခင်း၊ဆိုင်သိမ်းလိုက်လုပ်ပေးတယ်။နေ့လည်ဘက်တွေဆို ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာ အုတ်တို့ သဲတို့သယ်တဲ့အလုပ်ကိုလုပ်ပေးတယ်။အသိတွေက ဟိုဟာလေးလုပ်ပေးပါအုံးဆို လုပ်လိုက်တယ်။သူတို့ကလည်း မုန့်ဖိုးဆိုပြီးပေးတယ်လေ။

"ရော့.."

အုတ်သယ်တာပြီးတော့ ၃၀၀၀ရတယ်။ညနေ၅နာရီလဲထိုးတော့မှာဆိုတော့ ဈေးထဲက အမမြင့်မြင့်အေးတို့အထည်ဆိုင်ကို သိမ်းဖို့အတွက် ဈေးပေါပေါနဲ့ ရခဲ့တဲ့ ဆိုင်ကယ်စုတ်လေးစီးကာ ဈေးသို့ထွက်လာခဲ့သည်။

"အမ"

"ရောက်ပြီလား..တိုးတက်"

"ဟုတ်ကဲ့..ဆိုင်သိမ်းပေးရတော့မှာလားအမ"

"ခဏ..ဖောက်သည်တယောက် ဝယ်ထားတဲ့အထည်တွေလာမယူသေးလို့"

"ဟုတ်"

သူတို့စကားပြောနေရင်း မြင့်မြင့်အေးဖုန်းက အသံမြည်လာသည်။

"ဟယ်လို...အမိန့်ရှိပါရှင့်"

"......"

"ဟုတ်ကဲ့"

"......"

"ကားဂိတ်နံပါတ်လေးတစ်ချက်လောက်"

"........"

"ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ်ရှင့်"

မြင့်မြင့်အေးဖုန်းပြောပြီးချိန်

"တိုးတက်"

" ဗျာ့"

"အမကို ဒီဟာဦးတိုးကြီးကားဂိတ်ကို ပို့ပေးပါအုံး"

My Lover is Villain💞[ကျွန်တော့်ချစ်သူက ဗီလိန်💞]Where stories live. Discover now